DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ် ဘဏ်စာရင်းပိတ်မှုကြောင့် မြန်မာကုန်ပစ္စည်းတင်ပို့မှု လျော့ကျ
DVB
·
December 7, 2014
တရုတ်နယ်စပ် ဘဏ်စာရင်းပိတ်မှုကြောင့် မြန်မာကုန်ပစ္စည်းတင်ပို့မှု လျော့ကျ
Donate to DVB

တရုတ်နယ်စပ်ဘက်က ဘဏ်စာရင်းတွေကို နိုဝင်ဘာလကုန်က တရုတ်အစိုးရပိတ်လိုက်ချိန်မှာ မူဆယ်ဘက်က ဆန်၊ ပြောင်းစတဲ့ မြန်မာထွက်ကုန်ပစ္စည်းတင်ပို့မူတွေ လျော့ကျသွားပါတယ်။

exportတရုတ်နိုင်ငံဘက်မှာ ငွေဖြု ငွေမည်း၊ ခ၀ါချဖို့နဲ့ တရားမ၀င် ငွေစီးဆင်းမူကို တိုက်ဖျက်ဖို့ စီမံကိန်းထား ဆောင်ရွက်တဲ့အနေနဲ့ တရုတ်အစိုးရက ရာနဲ့ချီတဲ့ ဘဏ်စာရင်းတွေကို ပိတ်လိုက်ချိန်မှာ တရုတ်- မြန်မာနယ်စပ် ရွှေလီ၊ ကြယ်ခေါင်၊ မူဆယ်စတဲ့ မြို့တွေက မြန်မာကုန်သည်အချို့လည်း ပါသွားပါတယ်။

ဒါကြောင့် မန္တလေးကနေ မူဆယ်ကို ဆန်နဲ့ ပြောင်း တင်ပို့မှုအခြေအနေက သုံးပုံ ၁ ပုံ လျော့ကျသွားတယ်လို့ မူဆယ်ဆန်စပါး ကုစည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ တရားမ၀င်ငွေကြေးစီးဆင်းမူ စစ်ဆေးတဲ့အခါ ဘဏ်မှာအကောင့်ဖွင့်ထားတဲ့ မြန်မာတွေလည်း ပါကောင်းပါမယ်။ တရုတ်တွေလည်းပါတယ်။ မသင်္ကာသူတွေကို ဘဏ်အကောင့်စစ်ဆေးတဲ့ သဘောပါ။ ဟွန်ဒီသမားတွေလည်း ပါတယ်။ သူတို့နဲ့ ဆက်စပ်တဲ့ ငွေကြေးများတဲ့ သံသယ ရှိတဲ့လူတွေလည်း အပိတ်ခံရတယ်။ အဓိက မြန်မာဘက်က အပိတ်ခံရတာနည်းတယ်။ ဘဏ်တခုခြင်းအတိုင်းတာနဲ့ဆို တရုတ်နိုင်ငံသားတွေ အများဆုံးပါတယ် ပိတ်တဲ့ထဲမှာ။ ဆန်၊ ပြောင်းတို့မှာ ထိခိုက်မူမရှိဘူး။ ဂရက်ရိုက်မူ ရှိတယ်။”

တရုတ် မြန်မာနယ်စပ်မှာ အခုလိုအခြေနေက ဖြစ်လေ့ဖြစ်ထရှိလို့ နယ်စပ်ပို့ကုန်တွေအတွက် အကျိုးသက်ရောက်မူ အနည်းငယ်သာရှိတယ်လို့ မူဆယ်ကုန်သည်တချို့က ဆိုပါတယ်။

မန္တလေးဆန်ကုန်စည်ဒိုင်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးတင်လိုင်ဝင်း(ခ)ဦးမိုက်က “လက်ရှိ မန္တလေးကနေပို့ရတာက ကားခတွေ ဈေးတတ်တယ်။ ပစ္စည်းတွေလည်း အ၀င်များတယ်။ တရုတ်ဘက်ကလည်း ဈေးချဝယ်နေတဲ့သဘောပေါ့။ ဟိုရက်က တရုတ်မှာ ဘဏ်အကောင့်ပိတ်လို့ မူဆယ်က ကုန်သည်တွေလည်း ပါသွားတယ်လို့ သတင်းကြားရပါတယ” လို့ ပြောပါတယ်။

နယ်စပ်နဲ့ ဆန်၊ ပြောင်း၊ ဖရဲ စတဲ့ကုန်တွေ ရောင်းဝယ်တဲ့နေရာမှာ မြန်မာကုန်သည်တွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမ၀င်ငွေလဲလှယ်သူတွေကနေတဆင့် တဘက်နိုင်ငံက ငွေတွေကို လဲလှယ်နေရလို့ ငွေဖြူ ငွေမည်း မခွဲခြားနိုင်ပါဘူး။

ဒါကြောင့် ဘဏ်အကောင့် အပိတ်ခံရတဲ့ မြန်မာကုန်သည် ၂၀ ၀န်းကျင်လောက်ဟာ မသင်္ကာသူစာရင်းဝင်တွေ ဖြစ်သွားနိုင်တယ်လို့လည်း ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013