DVB Logo
Home
မြန်မာသတင်း
မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်မည်
DVB
·
December 6, 2014
မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်မည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်သား စစ်ပြေးဒုက္ခသည်တွေကို ဆေးကုသပေးနေတဲ့ မယ်တော်ဆေးခန်းကို နေရာပြောင်းရွှေ့ဖွင့်လှစ်တော့မယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

လက်ရှိ ဆေးခန်းတည်ရှိတဲ့ ရပ်ကွက်အတွင်းက တခြားနေရာကို ပြောင်းရွှေ့တာ ဖြစ်ပြီး သင်တန်းပိုင်း လူနာတွေကို ၀န်ဆောင်မှု ပေးတဲ့နေရာတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ နေရာထိုင်ခင်းလုံခြုံစိတ်ချမှုအတွက် အခုလို ပြောင်းရွှေ့ရတာလို့ သူက ပြောပါတယ်။

560091_554074567948175_748367661_nလက်ရှိ နေရာက ဌားရမ်း လုပ်ကိုင်နေတာ ဖြစ်ပြီး အသစ်ကတော့ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံက ဖောင်ဒေးရှင်း အဖွဲ့အစည်းတခု အမည်နဲ့ ၀ယ်ယူတာဖြစ်တဲ့အတွက် တရားဝင်မှုက ပိုခိုင်မာမာရှိတယ်လို့ ဆိုပါတယ်။

“လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်း ထိုင်းအစိုးရနဲ့ ဖြစ်စေ၊ ထိုင်းလူထုနဲ့ ဖြစ်စေ ပိုပြီးတော့ ဆက်ဆံတာ အားကောင်းလာမယ်၊ တချိန်တည်းမှာပဲ ပြည်တွင်းထဲမှာ ရှိတဲ့ ကျမတို့ ကျန်းမာရေး အဖွဲ့အစည်းတွေအတွက်လည်း လိုအပ်တဲ့ သင်တန်းတွေကိုလည်း ဆက်လက်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိနေရာကတော့ ၁၉၈၈-၈၉ ခုနှစ်က အရေးပေါ် ဆေးကုသဖို့ အတွက် တည်ဆောက်ထားတာလို့ ဆိုပါတယ်။

ဒါအပြင် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို မယ်တော်ဆေးခန်းမှာ ကျင်းပနေပါတယ်။

“ပိုပြီးတော့ ရေရှည် လုံခြုံစိတ်ချရတဲ့ ကျန်းမာရေး ပညာရေး စနစ်တွေကို ဖော်ဆောင်နိုင်ဖို့ အတွက် ကျမတို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ်။ နယ်စပ်ကို အခြေပြုထားတဲ့ အတွက် တိုင်းရင်းသား ပေါင်းစုံနဲ့ ထိတွေ့ ဆောင်ရွက်ခွင့်ရသလို နိုင်ငံတကာအဖွဲ့အစည်းရော ထိုင်းနဲ့ရော ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ အခွင့်အရေးတွေ အများကြီးရှိတဲ့ အတွက် အာဆီယံ လူမှု အသိုင်းအ၀န်း တည်ဆောက်ရာမှာလည်း အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

နယ်စပ်ဒေသတလျှောက် ကျန်းမာရေးနဲ့ပညာရေးတို့ အတွက် လုပ်ဆောင်ပေးနေကြတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းတွေ၊ လူထုအခြေပြုအဖွဲ့ အစည်းတွေနဲ့ အတူ၊ မြန်မာရွှေ့ ပြောင်းကျောင်းသူ၊ကျောင်းသား စုစုပေါင်း ၅၀၀ နီးပါးလောက် ဒီမွေးနေ့ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013