DVB Logo
Home
မြန်မာသတင်း
၄၃၆ ပြင်ဆင်ရေး လတ်မှတ်ရေးထိုးသူ ဗိုလ်မှူး ကျော်စွာဝင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
December 6, 2014
၄၃၆ ပြင်ဆင်ရေး လတ်မှတ်ရေးထိုးသူ  ဗိုလ်မှူး ကျော်စွာဝင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင် လတ်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်းကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

ပင်ဦးလွင်  စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်တဲ့ အချိန်မှာ တပ်မတော် လျှပ်စစ်အင်ဂျင်နီယာ ဗိုလ်မှူး ကျော်စွာဝင်းကို စစ်ခုံရုံးက ဒီဇင်ဘာ ၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပြီး မန္တလေး အိုးဘိုထောင်ကို ပို့ဆောင်လိုက်တယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး  ချုပ်နှောင်ထားတာ ၅ လ အကြာမှာ ၄၁ (င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဦးကျော်သီဟက ပြောပါတယ်။

“အိုးဘိုထောင်ကို ပို့တယ်ဆိုတာ သူ့အမျိုးသမီးဆီက ကြားတယ်၊ ကျနော်တို့ အခုမေးတော့ မေးထားတယ်၊ အယူခံဘာညာ ဘာလုပ်လို့ရမလဲဆိုတာ” လို့ ဦးကျော်သီဟက ပြောပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင် ဗိုလ်မှူး ကျော်စွာဝင်း ပါဝင်လတ်မှတ်ရေးထိုးတဲ့ ဓာတ်ပုံတွေဟာ လူမှု ကွန်ရက် အင်တာနက် စာမျက်နှာတွေကနေ တဆင့် ပျံ့နှံသွားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းထိန်ကတော့ ၄၃၆ မှာ ပါဝင်လှုပ်ရှားလို့ အရေးယူတာကတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013