တကသအဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် တကိုယ်တော် ဆန္ဒပြ
DVB
·
December 6, 2014
၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးနောက် ဖျက်ဆီးခံလိုက်ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အဆောက်အဦ ပြန်ဆောက်လုပ်ခွင့်ပေးရေးအတွက် ဒေါက်တာအောင်ခင်ဆင့်ဟာ ကျိုက္ကဆံဟစ်တိုင်မှာ ဒီနေ့ မနက် ၉ နာရီက တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးမယ်လို့ သမ္မတက ပြောဆိုထားပြီးဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ပြန်လည်တည်ဆောက်ခွင့်ပေးဖို့ ဆန္ဒပြတာဖြစ်ပါတယ်။
ဒေါက်တာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့် မြို့နယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ခဲ့ဖူးပါတယ်။
စစ်အစိုးရက ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို ဗြောင်ကျကျ ဝေဖန်ကန့်ကွက်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။