DVB Logo
Home
မြန်မာသတင်း
ဆင်းရဲသားအိမ်ရာ ပြောင်းရွှေ့ခိုင်းမှု မလုပ်သင့်ဟု နော်ဝေနိုင်ငံခြားရေးဌာန ပြော
DVB
·
December 6, 2014
ဆင်းရဲသားအိမ်ရာ ပြောင်းရွှေ့ခိုင်းမှု မလုပ်သင့်ဟု နော်ဝေနိုင်ငံခြားရေးဌာန ပြော
Donate to DVB

နော်ဝေ ဘုရင်ရဲ့ မန္တလေး ခရီးစဉ်မှာ မြန်မာပြည်ရဲ့  ပကတိ အခြေအနေမှန်ကို မတွေ့လိုက်ရတာဟာ ၀မ်းနည်းစရာ၊ အကြီးအကျယ် နားလည်မှုလွဲတဲ့ ကိစ္စဖြစ်တယ်လို့ နော်ဝေ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

1517566_809678289070673_8371425321720953963_nဧရာဝတီမြစ်ကမ်းတလျှောက် ဂေါဝန်ဆိပ်ကမ်းမှာရှိတဲ့ ဆင်းရဲသားအိမ်ရာတွေကို ရွှေ့ပြောင်းလိုက်တဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြောင်းလဲမှုဟာ အတော်လိုအပ်နေသေးတယ်လို့ ယုံကြည်ကြောင်း နော်ဝေဘုရင် ဟာရယ်က  ပြောကြားလိုက်ပြီးနောက် နော်ဝေအသံလွှင့်ဌာန NRK ကို ပြောဆိုလိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ဖရိုဒီ အန်ဒါဆန်က ပြောပါတယ်။

“မြန်မာပြည်ဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်၊ ဆင်းရဲမွဲတွေမှုကို ဖုံးကွယ်ထားလို့ရတာမျိုးမဟုတ်ဘူး။ ဖွံ့ဖြိုးရေးလမ်းကြောင်းကတဆင့် ဖြေရှင်းရမယ့် ပြဿ  နာဖြစ်တယ်။ ဒါကြောင့်ပဲ နော်ဝေဟာ မြန်မာပြည်နဲ့ ဆက်ဆံနေတာပါ” လို့ အန်ဒါဆန်က ပြောပါတယ်။

မြန်မာအာဏာပိုင်တွေက ဆင်းရဲသားတွေကို ဒီလို ရှင်းလင်းတဲ့ ကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပြီး နော်ဝေသံတမန်တွေလည်း မသိခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီလိုဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ မြန်မာအာဏာပိုင်တွေကို ဆက်သွယ်နေတယ်လို့ နော်ဝေနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ ခရီးစဉ်အတွက် ကြိုတင်ရှင်းလင်းမှု အနေနဲ့ ဂေါဝန်မြစ်ဆိပ်ကို အခြေပြု နေထိုင်လုပ်ကိုင်နေကြတဲ့ မိသားစု ၄၀၀ ကျော် ပြောင်းရွှေ့ခံခဲ့ရပြီး နေ့စား အလုပ်သမားတွေ အလုပ်ပျက်သလို၊၊ ကလေးငယ်တွေ ကျောင်းပျက်ကြရတယ်လို့ ပြောင်းရွှေ့ခံရတဲ့ ပြည်သူတွေက ပြောပါတယ်။

နော်ဝေဘုရင်ဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့  ဖိတ်ကြားချက်နဲ့ ၅ ရက်တာ ခရီးစဉ်အဖြစ် ရောက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013