A d v e r t i s e m e n t With Us

ကျူးကျော်များကို အဓမ္မရွှေ့ပြောင်းခိုင်းမှု ဒီမိုကရေစီမဆန်ဟု နော်ဝေဘုရင်ပြော

နော်ဝေဘုရင် မန္တလေးကို ရောက်မလာခင်မှာ ဧရာဝတီမြစ်ကမ်းတလျှောက် ဂေါဝန်ဆိပ်ကမ်းမှာရှိတဲ့ ကျုးကျော်အိမ်ခြေတွေနဲ့ ဆင်းရဲသားတွေကို မြန်မာအာဏာပိုင်တွေက ရွှေ့ပြောင်းလိုက်တဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြောင်းလဲမှုဟာ အတော်လိုအပ်နေသေးတယ်လို့ ယုံကြည်ကြောင်း နော်ဝေဘုရင် ဟာရယ်က ပြောကြားလိုက်ပါတယ်။ 1517566_809678289070673_8371425321720953963_nဂေါဝန်ဆိပ်ကမ်းကို အမရာ ၂ သင်္ဘောနဲ့ ဒီနေ့ နေ့လယ်ပိုင်း ဆိပ်ရောက်လာချိန်မှာ နော်ဝေနိုင်ငံပိုင် ရုပ်သံ NRK ရဲ့ မေးမြန်းချက်ကို နော်ဝေဘုရင်က ဖြေကြားသွားတာပါ။ ဒါ့အပြင် သူ့ရဲ့ ခရီးစဉ်ကြောင့် အခုလို ဖြစ်ရတာကို ၀မ်းနည်းစရာကောင်းကြောင်း၊ ဒီလိုပြင်ဆင်ပေးဖို့ တောင်းဆိုထားတာ မရှိကြောင်း၊ အခုလုပ်ရပ်မျိုးဟာ ဒီမိုကရေစီ မဆန်တာကို သက်သေပြနေကြောင်း နော်ဝေဘုရင်က NRK ကို ပြောကြားခဲ့ပါတယ်။ နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ ခရီးစဉ်အတွက် ကြိုတင်ရှင်းလင်းမှုအနေနဲ့ ဂေါဝန်မြစ်ဆိပ်ကို အခြေပြု နေထိုင်လုပ်ကိုင်နေကြတဲ့ မိသားစု ၄၀၀ ကျော် ပြောင်းရွှေ့ခံခဲ့ရပါတယ်။ အခုချိန်မှာ နေ့စား အလုပ်သမားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ကလေးငယ်တွေ ကျောင်းပျက်ကြရတယ်လို့ ပြောင်းရွှေ့ခံရတဲ့ ကျုးကျော်နေ ပြည်သူတွေက ပြောပါတယ်။ အခုလို နော်ဝေဘုရင် မလာခင်မှာ ဆင်းရဲသားတွေရဲ့ အိမ်တွေကို ဖယ်ရှားတာနဲ့ ဖုံးကွယ်မှုကို လက်မခံသင့်သလို အဓမ္မရွှေ့ပြောင်းခံရသူတွေ နေစရာမပျောက်ရေးနဲ့ အစားထိုး အကူအညီရရှိဖို့ နော်ဝေနိုင်ငံက ပြန်လုပ်ပေးသင့်တဲ့ တာဝန်ရှိတယ်လို့လည်း နော်ဝေ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ နိုင်ငံရေး အကြံပေး ဂျာရတ်ကန်ဒါက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နော်ဝေဘုရင်ဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ ၅ ရက်တာ ခရီးစဉ်အဖြစ် လာရောက်တာ ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up