DVB Logo
Home
မြန်မာသတင်း
လူငယ်များကို ဖမ်းဆီးစစ်သင်တန်းပေးနေဟု အစိုးရ စွပ်စွဲချက် ကေအိုင်အေပယ်ချ
DVB
·
December 5, 2014
လူငယ်များကို ဖမ်းဆီးစစ်သင်တန်းပေးနေဟု အစိုးရ စွပ်စွဲချက် ကေအိုင်အေပယ်ချ
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဟာ တဖက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးပွဲတွေမှာ ပါဝင်တက်ရောက်နေပေမယ့် တခြားတဖက်မှာ အတင်းအဓမ္မ လူသစ်စုဆောင်းစစ်သင်တန်းပေး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကေအိုင်အေက ပယ်ချလိုက်ပါတယ်။

[caption id="attachment_53413" align="alignright" width="376"]ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်[/caption]

ဒီစွပ်စွဲချက်နဲ့ပတ် သက်လို့  ကေအိုင်အေ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကတော့  အစိုးရက  ဘယ်လို  အချက်အလက်တွေနဲ့  ခုလို သတင်းထုတ်ပြန်လဲ ဆိုတာကို မသိရသေးဘူး လို့ ပြောပါတယ်။

“ကျနော်တို့ သိရ တာတော့ မြ၀တီ သတင်းဌာနက ထုတ်တာဆိုတော့ တပ်မတော်ရဲ့ အာဘော်ဖြစ်နိုင်ပါ တယ်။ ဘာကြောင့် ဒီလို ထုတ်တယ်ဆိုတာကို အခု ကျနော်တို့ လေ့ လာနေဆဲဖြစ်ပါတယ်။”

ကေအိုင်အေဟာ တိုင်းရင်းသားလူငယ်တွေကို  အတင်းအကျပ် ခြိမ်းခြောက်ချုပ် နှောင်ဖမ်းဆီးပြီး ကေအိုင်အေ ရဲ့ တပ်စခန်းတွေမှာ ဗိုလ်လောင်း၊ အကြပ်နဲ့ တပ်သားသစ်သင်တန်းတွေ တက်ရောက်စေတဲ့အကြောင်း  စစ်တပ်ပိုင် မြ၀တီသတင်းရင်းမြစ်ကို ကိုးကားပြီး  ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွမှာ စွပ်စွဲရေးသားထားတာပါ။

ဒါ့ပြင် သင်တန်းတွေမှာ  အစာဝအောင်မကျွေးတာ၊  ညှဉ်းပန်းနှိပ်စက် လူမျိုးရေးခွဲခြား ဖိနှိပ်ဆက်ဆံတာကြောင့် အသက်အန္တရာယ်ကြားက ထွက်ပြေးလာသူတွေ ရှိနေတယ်လို့ ရခိုင်၊ ရှမ်း၊ ဗမာ၊ ပလောင်လူငယ်တွေက ပြောတယ်လို့လည်း ဆိုပါတယ်။

ကေအိုင်အေဘက်ကတော့ တပ်သားသစ်အဖြစ် တခြား တိုင်းရင်းသားတွေကို စုဆောင်း တာမရှိဘူးလို့  ကေအိုင်အေ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

“ကေအိုင်အေကတော့ ကချင်လူငယ်များကို စုဆောင်းတာရှိပါတယ်။ တခြားတိုင်းရင်းသားလူငယ် များကို အတင်း အဓမ္မစုဆောင်းတာတော့မရှိပါဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို  အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခိုက်ခိုက်ခဲ့တာကြောင့်  မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စေလွှတ်ထားတဲ့  ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဆီ ပေးပို့ထားပေမယ့် အစိုးရဘက်က တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့လည်း ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013