DVB Logo
Home
မြန်မာသတင်း
မေမြတ်နိုးနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်သူကို တရားစွဲမည်
DVB
·
December 5, 2014
မေမြတ်နိုးနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်သူကို တရားစွဲမည်
Donate to DVB

၂၀၁၄ အာရှပစိဖိတ် ဝေါလ် အလှမယ်ဆုကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုး ပြောဆိုတာတွေ မှန်ကန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အာရှပစိဖိတ်ဝေါလ်အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ မီဒီယာ ညွန်ကြားရေးမှူး ဒေးဗစ်ကင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_72903" align="aligncenter" width="497"]မေမြတ်နိုး  (ဓာတ်ပုံ - http://news.naver.com) မေမြတ်နိုး (ဓာတ်ပုံ - http://news.naver.com)[/caption]

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ လိုအပ်တဲ့စရိတ်အတွက် အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ အတူနေဖို့ စေခိုင်းတာဟာ မှန်ကန်တဲ့အကြောင်း အာရှ ပစိဖိတ် ဝေါလ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဂျောင်ဝမ်ယောင်က ထုတ်ပြန်ခဲ့တာကို တောင်ကိုးရီးယား သတင်းဌာနတချို့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ဖုန်းနံပါတ်တွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းကိုင် ဖြေကြားခြင်း မရှိပါဘူး။

ထုတ်ပြန်ချက်မှာပါရှိတဲ့ ဂျောင်ဝမ်ယောင်ဟာ အာရှပစိတ်ဖိတ်ဝေါလ်ရဲ့ စည်းရုံးရေး ကော်မတီဝင် ဖြစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်က အရှုပ်အရှင်းကိစ္စတခုကြောင့် အဖွဲ့ဝင်မဟုတ်တော့တဲ့ အကြောင်း ဒေးဗစ်ကင်က ပြောပါတယ်။

“ဒီသတင်းနဲ့ပတ်သက်ပြီး အဓိက ဆက်သွယ်ရမယ့် မစ္စတာ ယောင်ကို ကျနော်တို့ တရားစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါက မနေ့က ဖြစ်သွားတာပါ။ ဒီနေ့မှာတော့ ကိုရီးယား သတင်းဌာနတွေက တိတ်ဆိတ်သွားပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တရားစွဲလိုက်လို့ပါ” လို့ ဒေးဗစ်ကင်က ပြောပါတယ်။

အာရှပစိဖိတ်ဝေါလ်အဖွဲ့က ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားတာ ရှိသလားလို့ မေးမြန်းရာမှာတော့ ဒီသတင်းကို အင်တာနက်ပေါ်ကနေ တဆင့်သိရှိရတာ ဖြစ်သလို ဒီအဖွဲ့နဲ့ ပြိုင်ပွဲက ပြန်လာကတည်းက အဆက်အသွယ်မရှိတော့ဘူးလို့ မေမြတ်နိုးက ပြောပါတယ်။

“အခုဟာက ၀မ်းသာနေတာ၊ ဘာလို့လဲဆိုတော့ အမှန်တရားက တဖြည်းဖြည်းနဲ့ ပေါ်လာတယ်ဆိုတော့လေ” လို့ မေမြတ်နိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် အလှမယ် ပြိုင်ပွဲမှာ မေမြတ်နိုးဟာ အလှမယ်သရဖူဆုရရှိခဲ့တာဖြစ်ပါတယ်။ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း အာရှ ပစိဖိတ် ဝေါလ် အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် ၂ ဖက် အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013