A d v e r t i s e m e n t With Us

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီး စာတမ်းဖတ်ပွဲပြုလုပ်

ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတခုကို ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ရန်ကုန် နာရေးကူညီမှု အသင်း သုခ ခန်းမမှာ ဒီနေ့ ပြုလုပ်နေပါတယ်။ နယ်စပ်ဒေသ ရွှေ့ပြောင်းပညာရေး၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်လည် တည်ဆောက်ရေး၊ မြန်မာပြည်အနှံ့အပြား ကောက်ယူခဲ့တဲ့ အဆင့်မြင့်ပညာမူဝါဒ သဘောထားစစ်တမ်း စတဲ့ စာတမ်းတွေကို ဖတ်ကြားနေတာ ဖြစ်ပြီး ဘိုးလှိုင် (ဒေါက်တာတင်အောင်)၊ ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအဖွဲ့က ဦးစောနိုင်းနိုင်း၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း စသူတို့ တက်ရောက် ဖတ်ကြားဆွေးနွေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ မပြဋ္ဌာန်းခင်ကရော ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာပါ ကန့်ကွက် ဆန္ဒပြတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- ဖိုးသား [gallery ids="72891,72892,72893,72894"]

A d v e r t i s e m e n t With Us

More News
Up