DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ အကူညီပေးမည်ဟု ပြင်သစ်ပြော
DVB
·
December 5, 2014
မြန်မာ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ အကူညီပေးမည်ဟု ပြင်သစ်ပြော
1 / 4
Donate to DVB

ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ တရားမျှတမှုရှိ၊ မရှိကို စောင့်ကြည့်နေမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြင်သစ်ဘာသာစကား ထွန်းကားပြန့်ပွားရေးဝန်ကြီး မဒမ် အန်နီ ဂျီရာဒီ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောဆိုလိုက်တာပါ။

၂၀၁၅ ရွေးကောက်ပွဲအနေအထားပေါ် ကြည့်ပြီး ပေးအပ်နေတဲ့ အကူအညီတွေကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ မှာ တိုးမြှင့်ပေးသွားမယ့် အကူအညီတွေကတော့ ပြင်သစ် ဖွံ့ဖြိုးတိုးတက်မှုစင်တာကနေတဆင့် အတိုးနှုန်းသက်သာစွာ ငွေချေးတာနဲ့ ကျန်းမာရေး အစီအစဉ်တွေ ပါဝင်ပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ယူရို ၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ၁၀ ဆကျော် တိုးမြှင့်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယူရို ၂၃၉ သန်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ဥရောပသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှု ဒုတိယ အများဆုံးပေးနေတဲ့နိုင်ငံ ဖြစ်ပြီး ဥရောပသမဂ္ဂအနေနဲ့ ၂၀၁၄ - ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ်ထားတဲ့ငွေကြေးပမာဏဟာ ယူရို သန်း ၇၀၀ ဖြစ်ပါတယ်။

[gallery ids="72848,72849,72850,72851"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013