DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီအ​ရောင်းဆိုင်​များကို မိုဘိုင်းဓာတ်ခွဲယာဉ်​များဖြင့် စစ်​ဆေး​တော့မည်
DVB
·
December 3, 2014
စက်သုံးဆီအ​ရောင်းဆိုင်​များကို မိုဘိုင်းဓာတ်ခွဲယာဉ်​များဖြင့် စစ်​ဆေး​တော့မည်
Donate to DVB

www.reuters.com_-300x213စွမ်းအင်ဝန်ကြီးဌာနအ​နေနဲ့ တိုင်း​ဒေသနဲ့ ပြည်နယ်​တွေမှာရှိတဲ့ စက်သုံးဆီအ​ရောင်းဆိုင်​တွေက​ စက်သုံးဆီအရည်အ​သွေးကို စစ်​ဆေးနိုင်ဖို့ မိုဘိုင်း ဓာတ်ခွဲယာဉ် ၆ စီး နိုင်ငံခြားက မှာယူ တင်သွင်းပြီး လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်ပစ္စည်း​တွေ တပ်ဆင်​နေတယ်လို့ ရန်ကုန်တိုင်း​ဒေသကြီး သစ်​တောနဲ့ စွမ်းအင်ဝန်ကြီး ဦး​ကျော်စိုးက ပြောပါတယ်။

ဓာတ်ခွဲစမ်းသပ်ပစ္စည်း​တွေ တပ်ဆင်မှု ပြီးဆုံးပါက စက်သုံးဆီအ​ရောင်းဆိုင်​တွေကို လိုက်လံစစ်​ဆေးဖို့ ရှိ​နေတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့ကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁  လွှတ်​တော်ကိုယ်စားလှယ် ဦးထွန်းလွင် ​ရဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ ဆီဂါလန်ပြည့်၊ မပြည့်၊ ဆီအရည်အ​သွေးမီ၊ မမီအ​ပေါ် အစိုးရက ဆောင်ရွက်မှု ရှိမရှိ မေးမြန်းချက်အပေါ် ပြန်လည်​ဖြေကြားခဲ့တာပါ။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ နဲ့ ၂၇ ရက်​နေ့တွေမှာ စက်သုံးဆီအ​ရောင်းဆိုင် ၂၃ ဆိုင်ကို အချင်အတွယ် ပြည့်မပြည့် ရေနံထွက်ပစ္စည်းတွေ တင်သွင်းသယ်ယူသို​လှောင်ဖြန့်ဖြူး​ရောင်းချခြင်းလုပ်ငန်း ထိန်သိမ်းကြည့်ကြပ်​ရေး​ကော်မတီက စစ်​ဆေးရာ အချင်တွယ်မပြည့်တဲ့ ၂၁ ဆိုင်ကို​ တွေ့ရှိခဲ့ပြီး စာနဲ့ သတိ​ပေးခဲ့​တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ ၂၁၊ ၂၂ ရက်နဲ့ ၂၅ တို့မှာ စက်သုံးဆီအ​ရောင်းဆိုင် ၆၆ ဆိုင်ကို စစ်​ဆေးရာ ဆိုင် ၁၆ ဆိုင်က ချိန်တွယ်​မှုလျော့​နေတာ​တွေ့ရပြီး ၂ ကြိမ်​တိုင်​​လျော့နေတဲ့ ၄ ဆိုင်ကို  ၃ လ ယာယီပိတ်ခဲ့ပြီး ကျန်တဲ့ ၁၂ ဆိုင်ကို ၁ လ ယာယီပိတ်ခဲ့တယ်လို့ သူက ဆက်​ပြောပါတယ်။

ပြည်သူလူထုအ​နေနဲ့ မိမိတို့ အသုံးပြု​နေတဲ့ စက်သုံးဆီဆိုင်​တွေရဲ့ အရည်အ​သွေး အချင်အတွယ်နဲ့ ပတ်သက်ပြီး သံသယရှိရင် ရန်ကုန်တိုင်း​ဒေသကြီး ​ရေနံထွက်ပစ္စည်းများ တင်သွင်းသယ်ယူ​ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြည့်ကြပ်​ရေးဆပ်​ကော်မတီကို ဆက်သွယ် သတင်းပို့နိုင်ပြီး လိုအပ်သလို စစ်​ဆေးအ​ရေးယူ​ ဆောင်ရွက်​ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013