DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ စစ်တပ်ထိန်းချုပ်မှုအောက် ရှိနေဆဲဟု အမေရိကန်ပြော
DVB
·
December 3, 2014
မြန်မာနိုင်ငံ စစ်တပ်ထိန်းချုပ်မှုအောက် ရှိနေဆဲဟု အမေရိကန်ပြော
Donate to DVB

[caption id="attachment_72590" align="alignright" width="468"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]

အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဆိုင်ရာ စစ်တပ် အကြီးအကဲအဖြစ် လျာထားခံရတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ် ဂျူနီယာက မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ခိုင်ခိုင်မာမာ ရှိနေသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အခြေတည်ဖွံ့ဖြိုးစ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ဖို့ အချိန်မတန်သေးဘူးလို့ သူက အေပီသတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာအတွက် အမေရိကန် အဆင့်မြင့်အရာရှိထံက တမူထူးခြား ပြင်းထန်တဲ့ မှတ်ချက် စကားလည်း ဖြစ်ပါတယ်။

မြန်မာရဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံခြားရေးမူဝါဒ အဖြစ် အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

အရင် ၃ နှစ်အတွင်း ပိတ်ပင်တားမြစ်ထားတာတွေကို လျော့ချပေးခဲ့ပေမယ့် စစ်အစိုးရခေတ်က ဖွဲ့စည်းပုံကတော့ ပြောင်းလဲခြင်း မရှိသေးပါဘူး။

အရင်လ အိုဘားမားရဲ့ခရီးစဉ်မှာလည်း မြန်မာပြုပြင်ပြောင်းလဲရေးဟာ နှေးကွေးလာတယ်လို့ အိုဘားမားက အသိအမှတ်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013