DVB Logo
Home
မြန်မာသတင်း
နော်ဝေ ဘုရင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
DVB
·
December 2, 2014
နော်ဝေ ဘုရင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
Donate to DVB

[caption id="attachment_72475" align="alignright" width="348"]ဓာတ်ပုံ - NLD Chairperson 's Office ဓာတ်ပုံ - NLD Chairperson 's Office[/caption]

နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က နြေ့ပည်တော်မှာရှိတဲ့ ပတ်ခ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ တရက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့လည်း နေပြည်တော်က လွှတ်တော် အဆောက်အဦ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေ ဘုရင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ဆက်လက် ကူညီသွားမှာ ဖြစ်သလို၊ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေးဟာ ကြီးလေးတဲ့ တာဝန်ဖြစ်ပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို တိုးတက်ကောင်းမွန်လိမ့်မယ်လို့ ပြောဆိုကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့  ဒီဇင်ဘာ ၂ ရက်နေ့မှာ နော်ဝေ ဘုရင်ဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောဆိုမှာ ဖြစ်ပါတယ်။ နော်ဝေ ဘုရင်နဲ့ မိဖုရားတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းက ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာပါ။ သူနဲ့အတူ အစိုးရ ၀န်ကြီးတွေ၊ စီးပွားရေး အဖွဲ့တွေ လိုက်ပါလာပါတယ်။

အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံမှုကို ပေါ်လွင်စေဖို့နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ နော်ဝေး နိုင်ငံဖက်က သတင်း ထုတ်ပြန်ထားပါတယ်။

အသက် ၇၇ နှစ်အရွယ် နော်ဝေ ဘုရင်ဟာ မြန်မာပြည်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ နေထိုင်သွားမှာ ဖြစ်ပြီး လူထုအခြေပြု အဖွဲ့တွေ၊ စီပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် ကူညီ အားပေးခဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013