DVB Logo
Home
မြန်မာသတင်း
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၅ သောင်းခန့် အေအာရ်ဗွီဆေးလို
DVB
·
December 1, 2014
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၅ သောင်းခန့် အေအာရ်ဗွီဆေးလို
Donate to DVB

၂၀၁၃-၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံတ၀န်း အေအာရ်ဗွီဆေးလိုအပ်နေတဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၅ သောင်းလောက် ဆေးလိုအပ်နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)က ပြောပါတယ်။

arvဒီဇင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ကိုယ်ခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့နဲ့ ပတ်သက်ပြီး ဒီဗွီဘီရဲ့ မေးမြန်းချက်ကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ကျန်းမာရေး ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းသစ်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အေအာရ်ဗွီ ဆေးလိုအပ်နေတဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော်ရှိနေပေမယ့် ၇ သောင်းခွဲကိုသာ ထောက်ပံ့ထား နိုင်သေးတယ်လို့ ဆိုပါတယ်။

CD4 ဆဲလ်အရေအတွက် ၃၅၀ အောက်ရှိတဲ့ လူနာအရေအတွက်ကို ခန့်မှန်းထားတာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နောက်ထပ် တိုးမြှင့် သတ်မှတ်လိုက်တဲ့ CD4 ဆဲလ်အရေအတွက် ၅၀၀ အောက်ဆိုရင် လိုအပ်တဲ့ လူနာအရေအတွက်က ပိုမိုများလာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဘုန်းသစ်က ရှင်းပြပါတယ်။

“၅ သောင်းဆိုတာလည်း နည်းတဲ့ ပမာဏမဟုတ်တဲ့ အတွက် တိုးမြှင့် လုပ်ဆောင်သွားရမယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါက်တာ ဘုန်းသစ်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်နိုင်စွမ်းဟာ တိုးမြင့်လာပြီဖြစ်သလို တခြားလက်လှမ်းမမီတဲ့ နယ်တွေကို အာရုံစိုက်ချင်တဲ့ အတွက် ရန်ကုန်မှာတော့ နောက်ထပ် လူနာသစ်တွေကို ထပ်လက်မခံတော့သလို အရင်ကုသပေးနေတဲ့ လူနာတွေကိုတော့ ဆက်လက် ကုသပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

လူနာတွေရဲ့ ဆေးလိုအပ်ချက် ပမာဏာကို လျော့ချသွားမှာ မဟုတ်သလို လူနာတွက MSFက မဟုတ်သော်လည်း ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက်ရရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ လူ ၁ သိန်း ၉ သောင်းကျော် HIV ပိုးကူးစက်ခံထားရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

HIV ကူးစက်နှုန်း အတက်အကျကို တိုင်းတာထားတဲ့ ဂဏန်းတွေ မရှိပေမယ့် အသစ်ထပ်မံကူးစက်မှုနှုန်း ကတော့ ကျဆင်းနေတယ်လို့ ဒေါက်တာ ဘုန်းသစ်က ပြောပါတယ်။

ဒါအပြင် HIV/AIDS ကူးစက်ခံထားရတဲ့သူတွေကို ခွဲခြားဆက်ဆံမှုကတော့ နေ့စဉ်ဘ၀မှာ လျော့နည်းလာသလို လူနာတွေက ပိုမို သက်တောင့် သက်သာ ရှိတယ်လို့ ယူဆတဲ့အကြောင်း ဒါပေမယ့်လည်း လုပ်ငန်းခွင်မှာတော့ HIV ပိုးရှိတဲ့အတွက် အလုပ်ထုတ်ခံရတာတွေ အလုပ်မခန့်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

HIV/AIDS နဲ့ ပတ်သက်ပြီး ခြုံကြည့်ပါက လူထုအနေနဲ့ လုံလောက်အောင် အသိအမြင် ပြည့်စုံ မကြွယ်ဝသေးသလို ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ရင်တော့ အရင်ကထက် လျော့ပါးလာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013