DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင်တွေ့ဆုံမှု ဗိုလ်ချုပ်မှူးကြီး ငြင်းဆို
DVB
·
November 30, 2014
၆ ပွင့်ဆိုင်တွေ့ဆုံမှု ဗိုလ်ချုပ်မှူးကြီး ငြင်းဆို
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆ ပွင့်ဆိုင်တွေ့ဆုံမှုကို ငြင်းဆိုလိုက်သလို ဖက်ဒရယ်တပ်မတော်တည်ထောင်ဖို့ကိုလည်း လုံးဝလက်မခံဘူးလို့ ကာချုပ်နဲ့တွေ့ခဲ့တဲ့ ကေအန်ယူအဖွဲ့ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

[caption id="attachment_72360" align="alignright" width="342"]min aung hlaing1 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်[/caption]

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေး ဖိုး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ မှာ နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြား လိုက်တာလို့ ပြောပါတယ်။

“ကာချုပ်အနေနဲ့ အခြေအနေမှန်တချို့ကို မသိသေးဘူး၊ တချို့ကိစ္စတွေမှာ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေး စင်တာ) နဲ့ အဆက်အသွယ်အားနည်းနေသေးတယ်။ ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် တပ်မတော်အနေနဲ့အမြင်မရှင်းဘူး။ အဓိကကတော့ ကာချုပ်အနေနဲ့ ယူအန်အက်ဖ်စီ ဖွဲ့စည်းပုံအရ ဖက်ဒရယ်တပ်မတော်နဲ့ပတ်သက်ပြီးတော့ လုံးဝလက်မခံဘူး။”

ကာချုပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးရေးကို လက်မခံဘဲ အင်အားစုအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမျိုး လိုလားတယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်ထဲ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ရှေဆင့်နောက်ဆင့်ဆိုသလို ငြင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ပါတီ (အက်ဖ်ယူပီ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြည်ထောင်စုလွှတ်တော်ဟာ သမ္မတနဲ့ ကာချုပ်တို့ကို ညှိနှိုင်းခြင်း မရှိဘဲ ဆုံးဖြတ်ခဲ့ကြလို့ အခုလိုငြင်းဆိုနေကြတာဖြစ်နိုင်ပြီး ဒီလို ငြင်းဆိုတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်ပေါ့နော် ပြည်ထောင်စုလွှတ်တော်အနေနဲ့ သမ္မတနဲ့ ကာချုပ်တို့ကို ညှိနှိုင်းမှု မရှိဘဲနဲ့ လွှတ်တော်ပိုင်းကနေပဲ ဆုံးဖြတ်လိုက်တယ်လို့ ထင်ရတယ်ဗျ။ ကျနော်တို့ကတော့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေ ဆွေးနွေးကြမှာကို လက်ခံတယ်။ ဒါပေမယ့် အခုတော့ စိတ်မကောင်းစွာနဲ့ပဲ ဒီအစီအစဉ်က ပျက်ပြီလို့ပဲ ထင်ရတာပေါ့ဗျာ။”

ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ ကာချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တယောက်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီမတိုင်မီက အစိုးရစီစဉ်တဲ့ အင်အားစု ၅ စုပါ ၁၄ ယောက်ဆွေးနွေးပွဲ ကျင်းပခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013