DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
November 29, 2014
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက်ဆန္ဒပြ
1 / 8
Donate to DVB

ပြီးခဲ့တဲ့ အာဆီယံထိပ်သီအစည်းဝေးအပြီးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောကြားခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းနဲ့ပတ်သက်ပြီး ရဟန်းသံယာတော်တွေနဲ့ အဖွဲ့အစည်းတချို့က တက်ကြွလူပ်ရှားသူ ၁၀၀၀ ကျော်က ရန်ကုန်မြို့မှာ ဒီနေ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်မယ်ဆိုတဲ့ စကားက သံတမန်ကျင့်ဝတ်နဲ့မညီဘဲ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့အတွက် ဆန့်ကျင်ရှုတ်ချတာလို့ ဆန္ဒထုတ်ဖော်သူ ရဟန်းသံယာတွေနဲ့ လူပုဂ္ဂိုလ်တွေက ဟစ်ကြွေးခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ထုတ်ဖော်သူတွေထဲမှာ ရဟန်းသံယာတော်တွေအပြင်   အမျိုးသားအရေးလှုပ်ရှားသူတွေ၊ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်း စုစုပေါင်း ၁၀၀၀ ကျော်လောက်ပါဝင်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ကနေ ကျိုက္ကဆံကွင်းက ပြည့်သူဟစ်တိုင်ထိ လမ်းလျှောက်ခဲ့ကြပါတယ်။

ဒါပြင့် မစ္စတာ ဘန်ကီးမွန်းရဲ့ ပြောကြားချက်ကို ကန့်ကွက်ကြောင်း အဖွဲ့အစည်းအသီးသီးက မြန်မာ အင်္ဂလိပ်နစ်ဘာသာနဲ့ ထုတ်ပြန်ပြီး နိုင်ငံတကာ သံရုံးတွေထိ ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။

[gallery ids="72313,72314,72315,72316,72317,72318,72319,72320"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013