စုပေါင်းတရားရုံး ဟိုတယ်အဖြစ်လုပ်ပိုင်ခွင့်ပြုမှု ရှေ့နေများကွန်ရက် တရားစွဲ
DVB
·
November 29, 2014

ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်းရုံးအဆောက်အအုံကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုတာနဲ့ပက်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ လုပ်ကိုင်ခွင့်ရကုမ္ပဏီတွေကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က နိုဝင်ဘာ ၂၈ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
[caption id="attachment_72264" align="alignright" width="362"]
(ဓာတ်ပုံ – wikipedia)[/caption]
စုပေါင်းရုံးကို နှစ် ရှည်စာချုပ်နဲ့ ငှားရမ်းအသုံးပြုခွင့်ပြု လိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်၊ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေဖြစ်တဲ့ Flying Tiger နဲ့ Prime Residence ကုမ္ပဏီတွေက မန်နေးဂျင်း ဒါရိုက်တာ ၂ ဦးကို ရန်ကုန်တိုင်းဒေသ ကြီးတရားလွှတ်တော်မှာ တရားစွဲဆိုလိုက်တာလို့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကြီးမြင့်က ဒီဗွီဘီကိုပြောပါတယ်။
ရှေ့နေများကွန်ရက်က သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အရင်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ဖို့ တရားစွဲဆိုတာဖြစ်ပြီး၊ တရားစွဲဆိုရာမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံထားပေမယ့် တရားမကြီးအမှုအမှတ်တော့ မထွက်သေးဘူးလို့ သိရပါတယ်။
