Home
မြန်မာသတင်း
အမတ်လစာ ၁၀ သိန်းပေးရန် လွှတ်တော်ဆုံးဖြတ်
ရွှေအောင်
·
November 28, 2014
၁၁ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ခေတ္တရပ်နားလိုက်တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ လွှတ်တော်အမတ်တွေ လစာ ၁၀ သိန်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ အမတ်လစာတိုးပေးသလို နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ပြောပါတယ်။ parlimentအရင် လွှတ်တော်အမတ်လစာ ၁ လ ကျပ် ၃ သိန်းဖြစ်ပြီး နေ့တွက်စရိတ်က ကျပ် ၁ သောင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂ သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်နယ်တိုင်းအမတ်တွေ အရင်လစာက ကျပ် ၂ သိန်းဖြစ်ပြီး နေ့တွက်က ကျပ် ၁ သောင်း ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်လောက်ကျန်ရှိနေချိန်မှာ အခုလို လွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၀န်ထမ်းလစာတိုးဖို့ ဒီတကြိမ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လောက်တိုးမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ လစာချီးမြှင့်ငွေပြင်ဆင်ရေးဥပဒေကို သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတလက်မှတ်မထိုးလည်း ၁၄ ရက်အတွင်း ဥပဒေက အတည်ဖြစ်မှာပါ။ ဥပဒေအတည်ဖြစ်ပြီးရင်တော့ လွှတ်တော်အမတ်တွေ တိုးမြှင့်လစာ ခံစားကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024