DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသား အစည်းအရုံးနှင့် ကာချုပ်တွေ့မည်
DVB
·
November 28, 2014
ကရင်အမျိုးသား အစည်းအရုံးနှင့် ကာချုပ်တွေ့မည်
Donate to DVB

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ထွက်ခွာသွားပြီလို့ အမည်မဖော်လိုတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

[caption id="attachment_72214" align="aligncenter" width="529"]ကာကွယ်ရေးဦးစီးချုပ်နှင့် ကေအန်ယူ ယခင်တွေ့ဆုံစဉ်က (ဓာတ်ပုံ - Senior General Min Aung Hlaing) ကာကွယ်ရေးဦးစီးချုပ်နှင့် ကေအန်ယူ ယခင်တွေ့ဆုံစဉ်က (ဓာတ်ပုံ - Senior General Min Aung Hlaing)[/caption]

“ဥက္ကဋ္ဌ အနေနဲ့သွားရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီပဲ သွားနိုင်ပါတယ်။ တရက် ၂ ရက်အတွင်းမှာတွေ့နိုင်တယ်။ အဲဒါတခုတည်းမကဘူး တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ)နဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေလည်း ပါကောင်းပါနိုင်တယ်။”

ဆွေးနွေးမယ့်အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးဆေးဖိုးတို့ဟာ ၄ ကြိမ် ထက်မနည်းတွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံးဟာ တပ်မတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို အလေးထား ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ဗွီအိုအေ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013