A d v e r t i s e m e n t With Us

နိုင်ငံဝန်ထမ်း လစာတိုးရန် စဉ်းစားနေဆဲဟု ဘဏ္ဍာရေးဝန်ကြီးပြောကြား

နိုင်ငံဝန်ထမ်းတွေကို  လစာတိုးပေးဖို့ကိစ္စ  မပြီးပြတ်သေးဘဲ အသေးစိတ် စဉ်းစားတွက်ချက်နေဆဲဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။ parliment wide viewနိုဝင်ဘာ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ  ပြောကြားသွားခဲ့တာ ဖြစ်ပြီး လစာတိုးဖို့အတွက် နိုင်ငံတော် ဘဏ္ဍာကနေ ပေးနိုင်တဲ့ ပမာဏအပါအ၀င် အခြား စဉ်းစား စရာတွေ အများကြီးရှိတယ်လို့ ၀န်ကြီးက ရှင်းလင်းပြောကြားသွားတာပါ။ လစာတိုးမြှင့်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဂယက်တွေနဲ့ ပတ်သက်ပြီး  မိမိတို့ထည့်သွင်းစဉ်းစားမှု အပိုင်းဖြစ်ပါကြောင်း၊ ပထမဆုံးအချက်က ပေးနိုင်မယ့် လစာနှုန်းထားတွေ၊ ပေးနိုင်မယ့်ငွေကြေး ပမာဏကို တွက်ချက်ရပါကြောင်း၊ အခုအချိန်မှာ မိမိတို့ အသေးစိတ်တွက်ချက်နေပြီး ပြီးပြတ်မှု မရှိသေးပါကြောင်း၊ အပြန်အလှန်အမျိုးမျိုး အချက်အလက်ပေါင်းစုံ ဆက်စပ်ပြီး တွက်ချက်နေတဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လစာ မဖြစ်စလောက်ပဲ တိုးပေးခဲ့တာကြောင့် ၀န်ထမ်းတွေ မလုံမလောက် လစာ ဖြစ်နေပြီး   လာမယ့် ဘဏ္ဍာရေးနှစ်က စလို့  ထိုက်ထိုက်တန်တန် တိုးပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက  ပြည်ထောင်စု လွှတ်တော်မှာ  အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up