နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်
DVB
·
November 28, 2014
နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
သမ္မတ ဦးသိန်စိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။
နော်ဝေသတင်းတွေမှာတော့ ဘုရင်ဟာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၃ရက်ထိ မြန်မာနိုင်ငံ သွားရောက် မှာ ဖြစ်ပြီး နော်ဝေ ဘုရင်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုန်သွယ်စက်မှုဝန်ကြီးတို့အပြင် တယ်လီနော် အမှုဆောင်အရာရှိချုပ် ခေါင်းဆောင်တဲ့ နော်ဝေးစီးပွားရေး လုပ်ငန်းရှင်အဖွဲ့ လည်း လိုက်ပါလာမယ်လို့ ရေးပါတယ်။
ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန် ပြောကြားမယ်လို့ ရေးသားထားပါတယ်။
နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစဉ်တစိုက် အကူအညီပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး နော်ဝေ ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။