DVB Logo
Home
မြန်မာသတင်း
အလွတ်သဘောတွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက် တပ်ဘက်က ငြင်းဆန်
DVB
·
November 27, 2014
အလွတ်သဘောတွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက် တပ်ဘက်က ငြင်းဆန်
Donate to DVB

parliment3အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ အလွတ်သဘောတွေ့ဆုံလိုကြောင်း ဖိတ်ကြားချက်အပေါ် တပ်မတော်ဘက်က ငြင်းဆန်လိုက်တယ်လို့ အန်အယ်ယ်ဒီက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က တပ်မတော်သား ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားတာ အချိန်အရမ်းကပ်တဲ့အတွက်ကြောင့် တခြားအစီအစဉ်တွေကိုဖျက်ဖို့ ခက်ခဲသွားလို့ မတွေ့ဆုံဖြစ်တော့လို့ ဒေါ်အောင်ဆန်းစုကြည်ထံ စာနဲ့ အကြောင်းပြန်ထားတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ စကားပြောနိုင်ဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ် ၇၀ ကို ဖိတ်ကြားခဲ့တာပါ။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် ပေးထားတယ်လို့  ပြောဆိုအပြီးမှာ အန်အယ်လ်ဒီဘက်က တွေ့ဆုံဖို့ ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013