DVB Logo
Home
မြန်မာသတင်း
၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အတည်ပြု
DVB
·
November 26, 2014
၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အတည်ပြု
Donate to DVB

ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အခြေခံထားတဲ့ နိုင်ငံရေးပါတီ ၅၆  ပါတီ ကိုယ်စားပြုနိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို အတည်ပြုလိုက်တယ်လို့ ဖက်ဒရယ်ပြည်ထောင်စု ပါတီ (FUP) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။

နိုဝင်ဘာ ၂၅-၂၆ ရက်တွေမှာ  နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် (မူကြမ်း) ကို  ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ (PPIC) က ၅၆ ပါတီကို  တင်ပြ အတည်ပြုချက် ရယူလိုက်တာပါ။

[caption id="attachment_72042" align="alignright" width="323"] ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းစဉ် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းစဉ်[/caption]

အတည်ပြုပြီးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (မူကြမ်း) နဲ့ပတ်သက်ပြီး ဦးစောသန်းမြင့်က “အဓိကကတော့ ဦးတည်ပြီးသွားတဲ့ ဆွေးနွေးချက်အားလုံးဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးအတွက် ဖြစ်ပါတယ်။ လက်ရှိ ရှိပြီးသားဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေတည်ပြီးတော့ ဘယ်လို ပြုပြင်ပြောင်းလဲ ဖြည့်စွက်မလဲဆိုတဲ့ဟာက ပြည်ထောင်စု ညီလာခံမှာ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ကနေ ကျနော်တို့ ပြည်ထောင်စု ညီလာခံ ဆုံးဖြတ်ချက်ကို ယူမယ်၊ အဲဒီကရလာတဲ့ ရလဒ်အားလုံးဟာ ပြည်ထောင်စု အတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံး အစုအဖွဲ့ရဲ့ အနှစ်ချုပ် ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် အခြေခံ ဥပဒေကို ပြုပြင်ခြင်းပြောင်းလဲခြင်းဆိုတဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ပြောပါတယ်။

ပါတီ ၅၆ မှာ အပြင် ကျန်နေသေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေး ပါတီများနဲ့ အစုအဖွဲ့တွေကိုလည်း လက်ရှိရေးဆွဲထားတဲ့ မူဘောင်ကို ညှိနှိုင်းပြီး နိုင်ငံရေး ပါတီအားလုံးက တစိတ်တ၀မ်းတည်းရှိတဲ့ မူဘောင်ကို ရချင်တယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စု ညီလာခံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်ကြီးတွေ ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ အခန်း ၃ ခု ခွဲထားပြီး နိုင်ငံရေး အောက်မှာ ခေါင်းစဉ် ၇ ခု စီးပွားရေး အောက်မှာ ခေါင်းစဉ် ၆ ခု၊ လူမှုရေး အောက်မှာ ခေါင်းစဉ်အောက်မှာ ၆ ခုရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က  ပါတီ ၅၆ ပါတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေး မူဘောင်ရေးဆွဲဖို့ PPIC ကို   ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမူဘောင်ကို အခြေခံပြီး နောင်အနာဂတ်မှာ ကျင်းပမယ့်  ပြည်ထောင်စု ညီလာခံကျရင် နိုင်ငံရေး ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အလားတူ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုယ်စားပြုကော်မတီ (NCCT)၊ တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) တို့ကလည်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို သီးခြား ရေးဆွဲထားပေမယ့် နိုင်ငံရေးပါတီတွေက အခုမှ ရေးဆွဲ အတည်ပြုတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013