Home
မြန်မာသတင်း
Garuda နှင့် မြန်မာအဲဝေးစ် ကုမ္ပဏီ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု စတင်
DVB
·
November 26, 2014
1706878482pမြန်မာ-အင်ဒိုနီးရှား ၂ နိုင်ငံကြား စီးပွားရေး ဆောင်ရွက်ချက်တွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှမှာ Garuda ရဲ့ကွန်ရက်ကို တိုးမြှင့်ဖို့ Garuda အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီနဲ့  မြန်မာအဲဝေးစ် အင်တာနေရှင်နယ် လေကြောင်းကုမ္ပဏီတို့ဟာ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကို ၂ နိုင်ငံ သံအမတ်ကြီးတွေနဲ့ ဂါရုဒလေကြောင်းဥက္ကဌတို့ရှေ့မှောက်မှာ ဂါရုဒလေကြောင်း ဈေးကွက်နဲ့အရောင်း ညွှန်ကြားရေးမှူးနဲ့ မြန်မာအဲဝေးစ်အင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ တို့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီသဘောတူညီချက်အရ လေကြောင်း ပူးတွဲဝန်ဆောင်မှုကို  နောက်လကစပြီး အကျုံးဝင် စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ-အင်ဒို လေကြောင်း ကုမ္ပဏီ ၂ ခုဟာ စင်ကာပူနဲ့ဘန်ကောက်မှာရှိတဲ့ လေဆိပ် အဆောက်အဦတွေကနေ  ရန်ကုန်နဲ့ ဂျကာတာ သွားလာကြမယ့် သူတို့ရဲ့ခရီးသည်တွေကို ချိတ်ဆက်ပေးမှာလည်း ဖြစ်ပါတယ်။ မြန်မာအဲဝေးစ် အင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ ဦးစည်သူကတော့ နှစ်စဉ် မြန်မာနဲ့အင်ဒိုနီးရှား ၂ နိုင်ငံကြားမှာ အလည်အပတ်နဲ့ စီးပွားရေးကိစ္စတွေအတွက် ခရီးသွားလာကြသူ ၅ သောင်းခွဲလောက် ရှိတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024