ရုရှားနှင့် ဗီယက်နမ် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မည်

viဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးချုပ် ငုယင်ဖူထရွန်ဟာ ရုရှားနိုင်ငံ မော်စကိုလေဆိပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ရောက်လာပါတယ်။ ရုရှားနဲ့ ဗီယက်နမ် ၂ နို်င်ငံကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် လာခဲ့တာပါ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ခေါ်ချက်အရ သွားရောက်လည်ပတ်တာလို့ ဗီယက်နမ်အစိုးရက ဆိုပါတယ်။ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ထဲမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်လည်း ပါပါတယ်။ အလည်အပတ်ခရီးစဉ်အတွင်း ငုယင်ဖူထရွန်ဟာ အပြန်အလှန်ဆက်ဆံရေး အားကောင်းစေရေးနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖို့ ရုရှား ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

More News
Up