ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

barclays_premier_league_football-predictions_round_13နိုဝင်ဘာလ ၂၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ခရစ်စတယ် ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ လီဗာပူးဟာ ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ပေမယ့် နောက်ပိုင်းမှာ ဂိုးတွေပေးလိုက်ရပြီး ရှုံးသွားတာပါ။ လီဗာပူး နောက်ဆုံး ကစားတဲ့ ၅ ပွဲစလုံးမှာ နိုင်ပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာ်စ်ကတော့ အခုအရှုံးအတွက် တာဝန်အပြည့်ယူကြောင်းနဲ့ အသင်းဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်လို့ ပြောဆိုသွားပါတယ်။ ဒီအရှုံးကြောင့် လီဗာပူးဟာ အခုဆိုရင် ၁၄ မှတ်ပဲ ရသေးပြီး အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၈ မှတ်အကွာနဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။ တရက်တည်းမှာပဲ ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်က ဟားစီးတီးကို အဝေးကွင်းမှာ ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးစ်အသင်းဟာ အဝေးကွင်းမှာ တယောက်လျော့ ဟားစီးတီးအသင်းကို နောက်ကနေ လိုက်ကစားပြီးမှ အနိုင်ရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် စပါးစ်ဟာ ၁၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ကို တက်လှမ်းသွားပါတယ်။

More News
Up