Home
သတင်းတို
မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ
DVB
·
November 23, 2014
မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။ [caption id="attachment_65028" align="alignright" width="300"]ဦးခင်အောင်မြင့် ပြောကြားနေစဉ် ဦးခင်အောင်မြင့်[/caption] ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေးပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။ မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။ ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024