DVB Logo
Home
မြန်မာသတင်း
လိုင်ဇာ ကျဆုံး ဗိုလ်လောင်းများအတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
November 23, 2014
လိုင်ဇာ ကျဆုံး ဗိုလ်လောင်းများအတွက် ဆုတောင်းပွဲပြုလုပ်
1 / 5
Donate to DVB

အစိုးရကတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ကေအိုင်အေ ဗိုလ်လောင်းသင်တန်းသားတွေအတွက် ဆုတောင်းပွဲတခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်သွားပါတယ်။

ဆုတောင်းပွဲမှာ တအောင်း၊ ပလောင်၊ ကချင်၊ ဗမာ ရှမ်းစတဲ့ တိုင်းရင်းသားလူငယ်တွေ အများစု၊ ရဟန်းသံဃာတော်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာနဲ့ချီ ပါဝင်ခဲ့ကြတယ်လို့ ပါဝင်ခဲ့သူ ဗမာလူငယ်တယောက်ဖြစ်တဲ့ မခင်စန္ဓာညွန့်က ပြောပါတယ်။

“ဆုတောင်းပွဲလုပ်ဖို့ စုမိသွားတာပါ။ ဘယ်သူဘယ်အဖွဲ့အစည်းက ဦးဆောင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ စမ်းချောင်း၊ မြေမနီကုန်းက ပဒုမ္မာပန်းခြံနားမှာ မနက် ၉ နာရီခွဲလောက်ကစပြီး လူစုမိကြတယ်။ ၁၀ နာရီလောက်ကျတော့ အဲ့ဒီကနေ ကမာရွတ်၊ ရွှေလီလမ်း က မြန်မာငြိမ်းချမ်းရေး စင်တာကို သွားပြီးတော့ မြန်မာငြိမ်း ချမ်းရေးစင်တာရှေ့မှာ လွမ်းသူ့ပန်းခွေတွေ၊ ပန်းစည်းတွေ ချကြတယ်။ ပြီးတော့ ဖယောင်းတိုင်တွေထွန်းတယ်၊ ၂ မိနစ် လောက် ငြိမ်းသက်ဆုတောင်းပြီးတော့ ဆုတောင်းပွဲမှာပါလာတဲ့ သံဃာတော် ၄ ပါးလောက်က အဲ့ဒီမှာ မေတ္တာသုတ်ရွတ်ပေးကြတယ်။ ပြီးတော့ ကျမတို့အားလုံး ပြန်လာကြတယ်။”

ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ အေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်း  ပစ်ခတ်ခံရလို့ သေဆုံးသူ ၂၃ ဦးရှိပြီး ၂၀ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ကချင်ပြည်နယ် နယ်စပ်ရေးရာနဲ့လုံခြံရေးဝန်ကြီးကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူန်အက်ဖ်စီ) ကတော့ ကေအိုင်အေရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းကို တိုက်ခိုက်တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကြံစည်ဆောင်ရွက်တာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရပ်ပိုင်းကပဲ ကျဆုံးသွားတဲ့ ကေအိုင်အေ ဗိုလ်လောင်းသင်တန်းသားတွေအတွက် ကချင်ဂိုဏ်းပေါင်းစုံက မြစ်ကြီးနားမြို့ မနေကွင်းမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - မျိုးဇော်လင်း

[gallery ids="71810,71811,71812,71813"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013