မန်ယူ၊ ချဲလ်ဆီးနှင့်မန်စီးတီးတို့ အနိုင်ရသွားသည့် ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်များ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့ အနိုင်ရသွားပါတယ်။ _79205412_wayneroomeygettyအသင်းကြီး နှစ်သင်းထိပ်တိုက်တွေ့တဲ့ ပွဲမှာ မန်ယူက အာစင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ မန်ယူအတွက် အနိုင်ဂိုးတွေကို အာစင်နယ်ဘက်က ဂစ်စ် ကိုယ့်ဂိုးကိုယ် သွင်းတဲ့ဂိုးနဲ့ ရွန်နီက သွင်းယူတာ ဖြစ်ပါတယ်။ နည်းပြ ဗန်ဂါးအတွက်တော့ အဝေးကွင်းမှာ ပထမဆုံး နိုင်ပွဲ ရသွားတာပါ။ ဒီပွဲနိုင်လို့ မန်ယူက အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။ ချဲလ်ဆီးက အိမ်ကွင်းမှာ ကော်စတာနဲ့ ဟာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့  ၀က်စ်ဘရောင်းကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက်တော့ ဒီရာသီထဲမှာ ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကိုလည်း တင်လိုက်နိုင်ပါတယ်။ ချဲလ်ဆီးက ၃၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။ မန်စီးတီးကတော့ အိမ်ကွင်းမှာပဲ ဆွမ်ဆီကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို ဂျိုဗက်တစ်နဲ့ တိုရေးတို့ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၂၄ မှတ်နဲ့ ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၈ မှတ်အကွာနဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

More News
Up