Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေကို မြင်းခြံကျောင်းသားများ ဆန္ဒပြ
ရွှေအောင်
·
November 22, 2014
1505552_788146281265255_7817622418336593570_n
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြင်းခြံခရိုင်) က ဦးဆောင်တဲ့  ကျောင်းသား ၅၀ လောက်က အမျိုးသားပညာရေး ဥပဒေကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ 1505552_788146281265255_7817622418336593570_nဆန္ဒပြကျောင်းသားတွေဟာ မြင်းခြံမြို့က အဓိကလမ်းတွေပေါ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ကြွေးကြော် ဟောပြောခဲ့ကြပြီး ညနေပိုင်းမှာတော့ မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြပါတယ်။ အမျိုးသားပညာရေးဥပဒေကို တနိုင်ငံလုံးကျောင်းသားထုစည်းဝေးပွဲအပြီး ရန်ကုန်မြို့မှာ ကျောင်းသားတွေ ၄ ရက်ကြာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အခု မြင်းခြံကျောင်းသားတွေ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ပညာရှင်တွေပါတဲ့အဖွဲ့နဲ့ ကျောင်းသားတွေ ညှိနှိုင်းဆွေးနွေးကြဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းက ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မှာ ၄ ရက်ကြာ သပိတ်ဆင်နွဲပြီး ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တွေကို အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရာဇသံပေးလိုက်ပြီးနောက် ခုလို ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024