အမျိုးသားပညာရေးဥပဒေကို မြင်းခြံကျောင်းသားများ ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြင်းခြံခရိုင်) က ဦးဆောင်တဲ့  ကျောင်းသား ၅၀ လောက်က အမျိုးသားပညာရေး ဥပဒေကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ 1505552_788146281265255_7817622418336593570_nဆန္ဒပြကျောင်းသားတွေဟာ မြင်းခြံမြို့က အဓိကလမ်းတွေပေါ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ကြွေးကြော် ဟောပြောခဲ့ကြပြီး ညနေပိုင်းမှာတော့ မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြပါတယ်။ အမျိုးသားပညာရေးဥပဒေကို တနိုင်ငံလုံးကျောင်းသားထုစည်းဝေးပွဲအပြီး ရန်ကုန်မြို့မှာ ကျောင်းသားတွေ ၄ ရက်ကြာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အခု မြင်းခြံကျောင်းသားတွေ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ပညာရှင်တွေပါတဲ့အဖွဲ့နဲ့ ကျောင်းသားတွေ ညှိနှိုင်းဆွေးနွေးကြဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းက ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မှာ ၄ ရက်ကြာ သပိတ်ဆင်နွဲပြီး ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တွေကို အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရာဇသံပေးလိုက်ပြီးနောက် ခုလို ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။

More News
Up