Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီး ငလျင်လှုပ်ခတ်
DVB
·
November 21, 2014
မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့အနီးမှာ  အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ပြင်းအားအသင့်အတင့်ရှိ မြေငလျင် ဒီနေ့မနက် အစောပိုင်းက လှုပ်ခတ်သွားပါတယ်။ ညသန်းခေါင်ကျော်  ၁၂ နာရီ  ၄၅ မိနစ်လောက်မှာ  မန္တလေးမြေငလျင်စခန်းက အနောက်မြောက်ဘက်မိုင် ၂၀၀ လောက်အကွာ  ကလေးမြို့နဲ့ ၄၅ မိုင်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သွားတာလို့ မန္တလေးမြေငလျင်တိုင်း ထွာရေးစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းတွေကတော့ မရသေးပါဘူး။ ဒါဟာ သီတင်းတပတ်အတွင်း မြနိမာနိုင်ငံမှာ  ဒုတိယအကြိမ် ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၁၇ ရက် မနက်ကလည်း ချောက်မြို့အနီး  မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024