DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုအန္တရာယ်များသည့် ၁၃ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
November 20, 2014
အကြမ်းဖက်မှုအန္တရာယ်များသည့် ၁၃ နိုင်ငံတွင် မြန်မာပါဝင်
1 / 2
Donate to DVB

မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အန္တရာယ်များတဲ့နိုင်ငံ ၁၃ နိုင်ငံမှာ ပါဝင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကမ္ဘာတ၀န်း အကြမ်းဖက်မှုဆိုင်ရာ ညွှန်းကိန်း Global Terrorism Index မှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို သြစတြေးလျနိုင်ငံက စီးပွားရေးနဲ့ ငြိမ်းချမ်းရေးသိပံ္ပက ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက်မှုအန္တရာယ်ရှိတဲ့ ၁၃ နိုင်ငံထဲမှာ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အိုင်ဗရီကို့စ်၊ အီသီယိုးပီးယား၊ အီရန်၊ အစ္စရေး၊ မာလီ၊ မက္ကဆီကို၊ မြန်မာ၊ သီရိလင်္ကာနဲ့ ယူဂန်ဒါနိုင်ငံတွေ ပါဝင်ပါတယ်။

terrotသုတေသန တွေ့ရှိချက်အရ ဒီနိုင်ငံ ၁၃ နိုင်ငံဟာ လက်ရှိအနေအထားမှာ အကြမ်းဖက် လှုပ်ရှားမှုအန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်လာစေမယ့် ပဋိပက္ခတွေ သိသိသာသာ ဆက်ဖြစ်နေသလို တိုင်းရင်းသားတွေအချင်းချင်းအကြား၊ ဘာသာရေးအုပ်စုတွေ အကြား ရန်လိုမှု တွေ အထင်အရှားရှိပြီး အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တရားဥပဒေ စိုးမိုးရေး ချို့တဲ့အားနည်းနေတယ်လို့လည်း ထောက်ပြထားပါတယ်။

ကမ္ဘာတ၀န်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၈၂ ရာခိုင်နှုန်းဟာ နိုင်ဂျီးရီးယား၊ အာဖဂနစ္စတန်၊ ပါကစ္စတန်၊ အီရတ်နဲ့ ဆီးရီးယား ၅ နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ အဖြစ်များတဲ့ အာရှနိုင်ငံတွေထဲမှာတော့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ ပါဝင်ပါတယ်။

၂၀၁၃ခုနှစ်က ကမ္ဘာမှာ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁ သောင်းလောက် ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၁၈,၀၀၀ လောက် သေဆုံးခဲ့ပြီး သေဆုံးမှုက ၂၀၁၂ နဲ့ ၂၀၁၃ အကြား ၆၀ ရာခိုင်နှုန်းကျော် တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံကတော့ အကြမ်းဖက်မှု အခံရဆုံးနိုင်ငံ ဖြစ်ပြီး မနှစ်က အကြမ်းဖက်မှုပေါင်း ၂၅၀၀ နီးပါးဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၆၃၀၀ ကျော် သေဆုံးခဲ့ရတာပါ။

အကြမ်းဖက်မှု အဓိက ကျူးလွန်ခဲ့ကြတဲ့ အဖွဲ့တွေကတော့ တာလီဘန်၊ ဘိုကိုဟာရန်၊ အိုင်အက်စ်နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်ဇာဝါဟရီ ကတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ဂျီဟတ်တိုက်ပွဲ ဆင်နွှဲဖို့ အဖွဲ့ခွဲကို အိန္ဒိယမှာဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလက ရုပ်သံဗွီဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013