DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန်ထပ်ယူချုပ်နှောင်ထားမှု ကန့်ကွက်မည်
DVB
·
November 20, 2014
ဖမ်းဆီးခံ မြန်မာ ၂ ဦးကို  ရမန်ထပ်ယူချုပ်နှောင်ထားမှု ကန့်ကွက်မည်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးရဲ့ ပဉ္စမမြောက် ရမန်ကို ကန့်ကွက်သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

Koa Toaဒီကနေ့ မနက် ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အချိန်မှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ အကျဉ်းဦးစီးဌာနကားနဲ့ ပါလာပြီး  တရားရုံးအချုပ်ကို ရောက်ရှိလာပြီလို့ ပြောပါတယ်။

“စွပ်စွဲသူတွေအနေနဲ့ လုပ်မယ့်အလုပ်ကတော့ ပဉ္စမမြောက်ရမန်ယူမယ်၊ ဒါမှမဟုတ်ရင် တရားရုံးတင်ရင် တင်မယ်ဆိုတဲ့ ၂ ချက်ရှိပါတယ်။ ကလေးတွေရဲ့ ပဉ္စမမြောက် ရမန်ယူတာကို ကန့်ကွက်ဖို့ပါ။ ပဉ္စမမြောက်ရမန်ကို ကန့်ကွက်လို့ မရဘူးဆိုရင် ကလေးတွေကို အပြင်ကနေ အမှုစစ်ဆေးခံခွင့် လျှောက်ထားဖို့ ကျနော်တို့ လုပ်ထားပါတယ်။ တရားရုံးတင်သည်ဖြစ်စေ၊ ရမန်ယူသည်ဖြစ်စေ ကျနော်တို့က ၄၈ ရက်ဖြစ်တဲ့ စတုတ္ထ ရမန် ပြီးမြောက် ပြီးတဲ့အတွက်ကြောင့် ဒီလို အချုပ်နှောင်ခံရတဲ့ ကလေးတွေဟာ နောက်ဆုံး အမှု မပြီးသေးရင်လည်း အပြင်ကနေပြီးတော့ ဖြေရှင်းခွင့်ရဖို့အတွက် စာရွက်စာတမ်းလုပ်ထားပါတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

မနေ့က တွေ့ဆုံစဉ်မှာတော့ ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်သလို အမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိလို့   မြန်မာသံရုံးဦးစီးတဲ့အဖွဲ့က ပြန်လွတ်လာအောင် ကူညီပေးဖို့ အထပ်ထပ်ခါခါပြောဆိုခဲ့တယ်လို့  ရှေ့နေကပြောပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ် ရမန်ယူကာ စုစုပေါင်း ရမန် ၇ ကြိမ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သံသယရှိသူကို ၈၄ ရက် ဖမ်းဆီးထိန်းသိမ်းထားနိုင်သလို လက်ရှိမှာတော့  မြန်မာ လူငယ် ၂ ဦး ကို ချုပ်နှောင်ထားတာ  ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013