ဂျပန် အောက်လွှတ်တော် ဖျက်သိမ်းမည်

1.5K
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က အောက်လွတ်တော်ဖျက်သိမ်းဖို့ ဆုံးဖြတ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
အခုလို ဆုံးဖြတ်တာဟာ စားသောက်ကုန်အခွန်ကို အောက်တိုဘာလမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ရွှေ့ဆိုင်းတာကို ဂျပန်ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းလိုက်တာလို့ အတိုက်အခံနဲ့ ဂျပန်သတင်းဌာနတွေက သုံးသပ်နေ ပါတယ်။
Abenomics လို့ခေါ်တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ စီးပွားရေးမူဝါဒ အကောင်အထည် ဖော်ရာမှာလည်း အခုနှစ်ရဲ့ ၃ လပတ်အတွက် ဂျီဒီပီ ၁.၆ ရာခိုင်နှုန်း အထိကျဆင်းခဲ့လို့ မအောင်မြင်ဘူးလို့ အတိုက်အခံတွေကလည်း ဝေဖန်ခံနေရတာပါ။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ Australia နိုင်ငံကပြန်ရောက်ရောက်ချင်း ဒုတိယ၀န်ကြီးချုပ် တာရို အာဆိုနဲ့ အခွန်တိုးမြှင့်ဖို့ကို ရပ်ဆိုင်းဖို့ သဘောတူမှု ရယူခဲ့သလို ညွှန်ပေါင်းပါတီ၊ ခိုမယ်တိုးပါတီ နဲ့ အောက်လွှတ်တော်ဖျက်သိမ်းဖို့ နိုဝင်ဘာ ၁၇ ရက်နေ့ ညမှာ တွေ့ဆုံဆွေးနွေးပြီး အခုလို အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
စားသောက်ကုန်အခွန်ကို ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ်ကို နိုဝင်ဘာလ ၁၈
