DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်များကို အနိမ့်ဆုံးလစာ ကျပ် ၁၀ သိန်းပေးရန် အတည်ပြု
DVB
·
November 18, 2014
လွှတ်တော်အမတ်များကို အနိမ့်ဆုံးလစာ ကျပ် ၁၀ သိန်းပေးရန် အတည်ပြု
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ချီးမြှင့်ငွေစရိတ် အဆောင်အယောင်ဆိုင်ရာဥပဒေကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

Parliment 12092014အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ချီးမြှင့်ငွေကို အနည်းဆုံး ကျပ်ငွေ ၁၀ သိန်းမှ ၁၆ သိန်းထိပေးဖို့ သတ်မှတ်သလို နေတွက်စရိတ်ကတော့ ကျပ် ၂ သောင်း သတ်မှတ်လိုက်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

“ဘယ်သူက ထပ်ပြီးဆုံးဖြတ်ဦးမလဲ မပြောတတ်ဘူးပေါ့၊ အမှန်က ၁၀ သိန်းမှ ၁၆ သိန်း ဆိုတာ ဥပဒေမှာ အဲလို ပြဋ္ဌာန်းလို့ မရဘူးပေါ့၊ ဒါက ဘဏ္ဍာရေး ၀န်ကြီးဌာနက ဆုံးဖြတ်ဖို့ ချန်ထားတာလား၊ သမ္မတကြီး က ဆုံးဖြတ်ဖို့ ချန်ထားတာလား မပြောတတ်ဘူး၊ ၁၀သိန်းနဲ့ ၁၆ သိန်း ဆိုတော့ အနည်းဆုံးကတော့ ၁၀ သိန်းက ဖြစ်နိုင်တာပေါ့။”

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ချီးမြှင့်ငွေ ၅ သိန်းမှ၁၀ သိန်း သတ်မှတ်သလို နေ့တွက်စရိတ်ကတော့ ၂ သောင်းသတ်မှတ်တယ်လို့ ဆိုပါတယ်။

တိုင်းဦးစီးအဖွဲ့ဝင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေ အတွက် ၃သိန်းမှ၅ သိန်း သတ်မှတ်သလို နေ့တွက်စရိတ်ကတော့ ၂ သောင်း သတ်မှတ်ထားပါတယ်။

နေပြည်တော်ကောင်စီဝင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ချီးမြှင့်ငွေကိုတော့ နဂိုက သတ်မှတ်ထားတဲ့ အတိုင်း အတည်ပြုလိုက်တာဖြစ်ပြီး ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော် အမတ် ၁ ယောက် လစာ ကျပ် ၃ သိန်းရပြီး လွှတ်တော်ဥက္ကဋ္ဌက လစာ ကျပ် ၃၅ သိန်းရနေတဲ့အတွက် လစာငွေ ၁၂ ဆ လောက် ကွာခြားနေတာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြု ပေးပို့တဲ့ လွှတ်တော် အသီးသီးက ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဦးစီးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ၊ တိုင်း ဒေသကြီး (သို့) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များတွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ကောင်စီဝင်တွေ စသူတွေရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုချက်ရယူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013