နှစ် ၁၀၀ ပြည့် ရှမ်းနှစ်သစ်ကူးပွဲတော် စတင်ကျင်းပ
DVB
·
November 18, 2014
နှစ် ၁၀၀ ပြည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီက စတင် ကျင်းပပြုလုပ်ပါတယ်။
ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ အနယ်နယ် အရပ်ရပ်က ပရိသတ် ၂ထောင်ကျော်လောက် လာရောက်ကြပါတယ်။
နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမယ် ဒီပွဲတော်မှာ စာတမ်းဖတ်ပွဲ၊ မီးပုံးပျံပြိုင်ပွဲနဲ့ ဘောလုံးပွဲတွေ ထည့်သွင်း ကျင်းပသွားဖို့ ရှိနေပါတယ်။