Home
သုံးသပျခကျြ
ကျောင်းသားသပိတ်အပေါ် ကျောင်းသားမျိုးဆက်များရဲ့ သဘောထားအမြင်
ပီတာအောင်
·
November 17, 2014
မြန်မာနိုင်ငံမှာ ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရရဲ့ ကျွန်ပညာရေးစနစ်ကို မကျေနပ်လို့ ၁၉၂၀ ပြည့်နှစ်မှာ ကျောင်းသားတွေ ပထမဆုံးအကြိမ် သပိတ်မှောက်ခဲ့ကြပါတယ်။ ခု နှစ်ပေါင်း ၉၄ နှစ်အကြာ အရပ်သားတပိုင်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပညာရေးစနစ်ကို မကျေနပ်လို့ စတုတ္ထအကြိမ် ကျောင်းသားသပိတ် ရန်ကုန်မှာ ဆင်နွှဲနေပါတယ်။ လက်ရှိ သပိတ်အပေါ် ကျောင်းသားမျိုးဆက်တွေရဲ့ သဘာထားအမြင်တွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ [caption id="attachment_71286" align="alignleft" width="160"]၁၉၆၂ ခုနှစ် ဗကသ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ဦးလှရွှေ[/caption] ၁၉၆၂ ခုနှစ် ဗကသ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ “အဓိက အစိုးရက ကျောင်းသားတွေ ပညာရေး တိုးတက်ဖို့၊ မတိုးတက်ဖို့၊ တိုင်းပြည်ရဲ့ ပညာရေး နိုင်ငံတကာ အဆင့်အတန်း မှီဖို့၊ မမှီဖို့ ထက် ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို ကွပ်ကဲရမယ် ဘယ်လို ဖိနှိပ်ရမလဲဆိုတဲ့ အတွေးအခေါ်နဲ့ ဒီပညာရေးဥပဒေကို ရေးဆွဲထားတာ။ အဲဒါကြောင့်မိုလို့ ကလေးတွေက မခံမရပ်နိုင် ဖြစ်ပြီး ခုလို ဆန္ဒပြပွဲ ဖြစ်တာပဲ။ တကယ်တမ်းတော့ မြန်မာပြည်မှာ ကျောင်းသားတယောက်ချင်းရဲ့ ဘ၀ကို အာမခံတဲ့ ပညာရေးစနစ်က ဒီနေ့အချိန်ထိ မရှိသေးဘူး။”     [caption id="attachment_71287" align="alignright" width="146"]၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ ဦးမင်းဇေယျ[/caption] ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ “ကျောင်းသားဘ၀ထဲက ဆုံးရှုံးနေတဲ့ ကျောင်းသားအခွင့်အရေးတွေနဲ့ မှားယွင်းနေတဲ့ ပညာရေးမူဝါဒတွေအပေါ် ကျနော်တို့တွေ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။ ခုချိန်ထိလည်း အဲဒီ သံသရာကြီးက မဆုံးသေးဘူး။ လက်ရှိ ကျောင်းသားတွေက ဒီတာဝန်ကို ဆက်ပြီး ထမ်းနေရတာပေါ့။ လက်ရှိ ဖြစ်ပေါ်နေတဲ့ကျောင်းသားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲကလည်း လတ်တလော အကြောင်းရင်းအရပြောမယ်ဆိုရင်တော့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တယ်ပေါ့။ ဒါပေမယ့် ဒါတွေရဲ့ အဓိက အခြေခံအချက်က ၂ ချက်ပဲ။ ပထမအချက်ကတော့ ကျောင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ ဆိုတဲ့နေရာမှာ ပျက်ကွက်နေတာတွေ။ ဒုတိယအချက်ကတော့ ပညာရေးနိမ့်ကျမှု တွေအပေါ်မှာ ပြန်လည်မြှင့်တင်တဲ့ကိစ္စတွေ ခိုင်မာမှု မရှိတာတွေ အဲဒီအချက်တွေကို ပြေလည်အောင် မဖြည့်ဆည်းနိုင်သမျှ ကာလပတ်လုံး ကျောင်းသားဆန္ဒပြပွဲတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရမှာပဲ။ ပညာရေးလွတ်လပ်မှု မရှိတာတွေ၊ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကို ဥပက္ခာပြုထားတာတွေ ဒီအပေါ်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို ကျောင်းသားတွေက အသိအမှတ်ပြုဖို့ တောင်းဆိုတဲ့သဘောပဲ” [caption id="attachment_71288" align="alignleft" width="182"]ကိုကျော်ကိုကို ကိုကျော်ကိုကို[/caption] ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို “ကျနော်တို့က လက်ရှိ ပညာရေးဥပဒေရဲ့ အချက်တခုချင်းစီကို ကိုးကားပြီး ထောက်ပြဝေဖန်နေတာ မဟုတ်ပါဘူး။ အဲဒီပညာရေး ဥပဒေရဲ့ အတွင်းသဘောနဲ့ အနှစ်သာရကို ကျနော်တို့က လက်မခံနိုင်တာပါ။ အတွင်းသဘောနဲ့ အနှစ်သာရသဘောကိုယ်က ဗဟိုချုပ်ကိုင်မှု ကြီးစိုးပြီးတော့ ကျောင်းသားတွေရဲ့ လွပ်လပ်စွာ ပညာသင်ကြားခွင့်ကို ဖိနှိပ်နေတာဖြစ်တယ်။ ပြီးတော့ ပညာရေး ဥပဒေဟောင်းကို အသစ်နဲ့ အစားထိုးနိုင်ခြင်းမရှိဘဲနဲ့ အဟောင်းအတိုင်းပဲ ဆက်လက် ဆိုးရွားမှုတွေဖြစ်နေ မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ပြီးတော့ ဒီထဲမှာဆိုရင် အစအလယ်အဆုံး ဥပဒေရေးဆွဲမှု ဖြစ်စဉ် တခုလုံးက ဒီမိုကရေစီ မဆန်ဘူးဆိုတာ တွေ့ရတယ်။ ကျောင်းသား သမဂ္ဂတွေရဲ့ လွပ်လပ်စွာ ဖွဲ့စည်းမှုနဲ့ တည်ရှိမှုကိုလည်း ဖျက်သိမ်းဖို့ ကြိုးစားနေတယ်လို့ မြင်တဲ့အတွက် ဒီဥပဒေ တစုံလုံးကို ကျနော်တို့ ဆန့်ကျင် ကန့်ကွက်ရခြင်းဖြစ်တယ်။”   [caption id="attachment_71289" align="alignright" width="237"]Phyo Phyo Aung မဖြိုးဖြိုးအောင်[/caption] ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် က “ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု အရမ်းပဲ ပြင်းထန်ခဲ့တယ်။ စစ်အာဏာရှင် တစ်လျောက်မှာလည်း ပြင်းထန်ခဲ့တယ်။ လက်ရှိ အစိုးရကလည်း ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်သော်ငြားလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်ပြီးတော့ လုပ်ချင်ပုံ မရပါဘူး။ ဥပဒေနဲ့ပါ ချုပ်ကိုင်ဖို့ ကြိုးစားလာတဲ့အတွက် ဗဟိုချုပ်ကိုင်မှုကို လုံးဝ လက်မခံဘူး ဆိုတာ ကျမတို့ ကျောင်းသားတွေက ပြချင်တယ်။ ကျမတို့ ပညာရေးစနစ်က အင်မတန် ချွတ်ခြုံကျနေပြီ ဗဟိုချုပ်ကိုင်မှုနဲ့လည်း ဆက်ပြီးတော့ သွားလို့ မရတော့ဘူး။ အဓိကက ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပါ။ သမဂ္ဂဖွဲ့စည်းခွင့်ကို လက်ရှိပညာရေးဥပဒေမှာ လုံးဝ ပြဋ္ဌာန်းထားပေးခြင်း မရှိပါဘူး။ ကျောင်းသားတွေရဲ့ အခွင့်အရေးအတွက် တကယ် ဦးစီးဦးဆောင် ပေးမယ့် အဖွဲ့အစည်းမရှိတာဟာ အင်မတန်မှ အန္တရာယ်ကြီးတယ်လို့ ယူဆပါတယ်။ ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကျမတို့ ဒီမှာ ဆန္ဒထုတ်ဖော်နေတယ်ဆိုတာ။ ကျမတို့ အတွက်ပဲ မဟုတ်ပါဘူး။ လက်ရှိ ကျောင်းတက်နေတဲ့ကျောင်းသူ ကျောင်းသားတွေရယ် နောင်အနာဂတ်မှာလာမယ့် ကျောင်းသူကျောင်းသားတွေရဲ့အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ်အတွက် စပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဟာ ပညာရေးဖြစ်ပါတယ်။ ပညာရေးမှာ ဒီမိုကရေစီရှိမှ တနိုင်ငံလုံး ဒီမိုကရေစီ အခြေခိုင်မြဲမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီသပိတ်တိုက်ပွဲကို ၀ိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါ။” [caption id="attachment_71290" align="alignleft" width="225"]D Nyein Lin ကိုဒီငြိမ်းလင်း[/caption] ၂၀၀၇ မျိုးဆက်ကျောင်းသား ကိုဒီငြိမ်းလင်း “လက်ရှိကျောင်းသားတွေကနေ ပြီးတော့ ရေးဆွဲ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တယ်။ ဘာကြောင့် ကန့်ကွက်ရလဲဆိုတော့ ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းမယ့် ဥပဒေဖြစ်နေတယ်။ ဒါကြောင့် ကျောင်းသားတွေက အဓိကထား ကန့်ကွက်တယ်။ အဲဒီဥပဒေထဲမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ပြဋ္ဌာန်းထားတာ မရှိဘူး။ ကျောင်းသားတွေရဲ့ လွတ်လပ်ပိုင်ခွင့်တွေ ချုပ်ကိုင်ထားတာ အရမ်းများတယ်။ ကျနော်တို့ လိုချင်တဲ့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်နဲ့ အုပ်ချုပ်ခွင့်တွေက သေချာပြဋ္ဌာန်းပေးထားတာ မရှိဘူး။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ဘာသာစကား လွတ်လပ်စွာသင်ကြားခွင့်ဆိုတာ မပါထားဘူး။ အဲဒါတွေကို ပြည်သူလူထု မြင်အောင်ထုတ်ပြတဲ့ သပိတ်တိုက်ပွဲလို့ မြင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024