Home
မြန်မာသတင်း
မြ၀တီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းဖောက်လုပ်ရေး ပြန်စ
DVB
·
November 17, 2014
[caption id="attachment_71277" align="alignright" width="437"]ဓာတ်ပုံ - Saw Ehkaw Jet ဓာတ်ပုံ - Saw Ehkaw Jet[/caption] အစိုးရတပ်နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီး ဒေသမတည်ငြိမ်မှုကြောင့် ၁ လလောက် ရပ်နားထားရတဲ့ မြ၀တီ- သင်္ဃန်းညီနောင်-ကော့ကရိတ် လမ်းဖောက်လုပ်ရေး ခုအခါ ပြန်စတင်နေပြီလို့ လမ်းဖောက်လုပ်ရေး စီမံကိန်က ထိုင်း အင်ဂျင်နီယာတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ဖော်ပြပါတယ်။ ဒီကားလမ်းဟာ မြန်မာ- ထိုင်း ကုန်သွယ်ရေးမှာ အလွန်အရေးကြီးတဲ့ ရန်ကုန်- ဘားအံ- မြ၀တီ လမ်းပေါ်မှာ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့ အကူအညီပေးမှုနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ၂၈ ကီလိုမီတာ အရှည်ရှိတဲ့ အဲဒီ လမ်းသစ်ကို ထိုင်းဘတ်ငွေ သန်း ၁၃၀၀ ကျော် အကုန်အကျခံ တည်ဆောက်နေပြီး လာမယ့် ၂၀၁၅ နှစ်လည်လောက်မှာ ပြီးစီးဖို့ ခန့်မှန်း တယ်လို့ ထိုင်းအင်ဂျင်နီယာက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024