မန္တလေးလေဆိပ် အဆင့်မြှင့်ရန် အစိုးရနှင့် ဂျပန်ကုမ္ပဏီ လက်မှတ်ထိုး
DVB
·
November 17, 2014
[caption id="attachment_71274" align="alignright" width="295"] ဓာတ်ပုံ - myanmarair[/caption]
နိုဝင်ဘာ ၁၆ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ခြင်းနဲ့ နိုင်ငံတကာအဆင့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သဘောတူညီချက်တရပ်ကို လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနနဲ့ တင်ဒါအောင်မြင်ထားတဲ့ ဂျပန်နိုင်ငံ MC-jalux Airport Service ကုမ္ပဏီလိမီတက်တို့ ရန်ကုန် ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စာချုပ်အရ တင်ဒါအောင်ထားတဲ့ ဂျပန်ကုမ္ပဏီဟာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Logistic Hub Airport အဖြစ် အဆင့်မြှင့်တင်ရမှာ ဖြစ်ပြီး နိုင်ငံတကာအဆင့် လေဆိပ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက တင်ဒါ ခေါ်ယူခဲ့တဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးလုပ်ငန်း၊ ရန်ကုန်လေဆိပ် တိုးချဲ့ခြင်းလုပ်ငန်းနဲ့ မန္တလေးလေဆိပ် အဆင့် မြှင့်တင်ခြင်း လုပ်ငန်း အားလုံးမှာ ဂျပန်ကုမ္ပဏီတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် မန္တလေးလေဆိပ် အဆင့်မြှင့်တင်ခြင်း တင်ဒါတခုပဲ အောင်မြင်ခဲ့ပါတယ်။