တရုတ်တွင် အစားအစာထုပ်ပိုးသည့် စက်ရုံမီးလောင် လူ ၁၈ ဦး သေဆုံး

China fireတရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ်က အစားအစာထုပ်ပိုးတဲ့စက်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက မီးလောင်အပြီး လူ ၁၈ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ရှင်သန်ကျန်ရစ်သူတွေကို အပျက်အစီးတွေကြားမှာ ရှာပြီးပြီမို့ ပျောက်နေတဲ့သူတွေဟာ မီးလောင်အပြီး ဒီနေရာက ထွက်သွားတာ ဖြစ်ရမယ်လို့ ယုံကြောင်း ပြောပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ မီးကြောင့် လူ ၁၃ ယောက် ဒဏ်ရာရတယ်လို့ ပြောပြီး မီးလောင်ချိန်က စက်ရုံတွင်း လူအယောက် ၁၄၀ ရှိတယ်လို့ ယုံကြပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီလောက်က စလောင်တဲ့မီးကို ၂ နာရီခွဲကြာအောင် မီးသတ်သမားတွေ ငြိမ်းသတ်ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ ကုသပေးထားပြီး ကုမ္ပဏီမန်နေဂျာတွေကိုတော့ ရဲတွေက ထိန်းသိမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up