Home
မြန်မာသတင်း
အော်ရီဒူး ပြည်ပခေါ်ဆိုခ လျော့ချ
DVB
·
November 17, 2014
Ooredooကာတာပိုင် အော်ရီဒူးကုမ္ပဏီဟာ သူရဲ့ ပြည်ပ ဖုန်းခေါ်ဆိုမှု ၀န်ဆောင်ခကို နဂို ၁ မိနစ် ကျပ် ၇၅၀ သတ်မှတ်ထားရာကနေ နိုဝင်ဘာ ၁၅ ရက်နေ့ကစ နိုင်ငံ ၄၆ နိုင်ငံ အတွက် ၁ မိနစ် ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ အတွင်း လျော့ချလိုက်ပြီလို့ ကြေညာပါတယ်။ ကြေညာချက်အရ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံကို ခေါ်ရင် ၁ မိနစ် ကျပ် ၁၀၀ ပဲ ကျသင့်မှာ ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ခေါ်ရင် ၁ မိနစ် ကျပ် ၂၀၀ ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်လိုနိုင်ငံ တွေမှာ သွားရောက် အလုပ်လုပ်ကိုင်သူ၊ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ များပြားတာကြောင့် နောက်ပိုင်း အော်ရီဒူးဆင်းကတ်တွေ အသုံးပြုသူ များလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024