အထပ်သားစက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
November 17, 2014
အရှေ့ဒဂုံ မင်းသိဒ္ဓိကျော်စွာလမ်းပေါ်က CenturyPly အထပ်သား စက်ရုံရှေ့မှာ အလုပ်သမားတွေရပိုင်ခွင့်နဲ့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ စက်ရုံ အလုပ်သမားသမဂ္ဂခေါင်း ဆောင်လေးဦးအတွက် နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် က ဆန္ဒဖော်ထုတ်နေကြပါတယ်။
အဆိုပါစက်ရုံဟာ အိန္ဒိယအလုပ်ရှင်တဦး ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ဦးကို ကုန်ထုတ်စွမ်းအားလျှော့စေတာ အပါအ၀င် စက်ရုံစီးပွားရေး ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်က ထုတ်လိုက်တာ ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်တဲ့ အလုပ်သမားအင်အား ၅၀ ခန့်ရှိပြီး တောင်းဆိုချက်တွေကို လိုက်လျှောမှု မရှိရင် ဆန္ဒပြတဲ့အရှိန်တိုးမြှင့်သွားမယ်လို့ ဆန္ဒပြအလုပ်သမားတွေကပြောပါတယ်။
[gallery ids="71255,71256,71257,71258"]