
[caption id="attachment_71247" align="alignright" width="405"]
ဓာတ်ပုံ - United Amara Bank FB[/caption]
တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ Black List ခေါ် အမည်မည်းစာရင်း အသွင်းခံရတာကို အကြောင်းပြုပြီး သူသား ဦးနေအောင် ပိုင်ဆိုင်တဲ့ ယူနိုက်တက်အမရာဘဏ်မှာ ငွေအပ်နှံထားသူတွေက သူတို့ရဲ့ ငွေတွေကို ပြန်လည် ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။
အခု အဆိုပါ ယူနိုက်တက် အမရာဘဏ်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က စပြီး ငွေကြေး အပ်နှံထားရင် နေ့စဉ် အတိုးပေးတဲ့ Super Call Deposit Account ဖွင့်လှစ် လုပ်ကိုင်ပေးနေပြီ ဖြစ်ကြောင်း ကြေညာပါတယ်။
အဲဒီ အကောင့်နဲ့ ငွေအပ်နှံထားသူတွေဟာ ကျပ် သိန်း ၁၀၀ အောက်ဆို အတိုး ၄ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀ နဲ့ ၁၀၀၀ ကြား အတိုး ၈.၂၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀ နဲ့ သိန်း ၅၀၀၀ ကြား အတိုး ၈.၃၀ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း ၅၀၀၀ အထက်ဆို အတိုး ၈.၃၅ ရာခိုင်နှုန်းပေးမယ်လို့ ထုတ်ပြန်ပါတယ်။
ဒီလို နေ့အလိုက် တွက်ချက် အတိုးပေးတဲ့စနစ်ကို အရင် ဖျက်သိမ်းခံလိုက်ရတဲ့ အာရှဓနဘဏ်က ၀န်ဆောင်မှု ပေးခဲ့ဖူးပြီး အခုနောက်ပိုင်းကာလ ယူနိုက်တက် အမရာဘဏ်က ၀န်ဆောင်မှုပေးတာ ပထမဦးဆုံး ဖြစ်ပါတယ်။










