
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ပြင်းအား အသင့်အတင့်ရှိတဲ့ မြေငလျင်တခု နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မနက် ၁၁ နာရီကျော်က လှုပ်ခတ်သွားပါတယ်။
ဒီကနေ့ မနက်ပိုင်း မြန်မာစံတော်ချိန် ၁၁ နာရီ ၄ မိနစ် ၂၀ စက္ကန် မန္တလေး မြေငလျင်စခန်းမှ မိုင် ၁၄၀ ခန့်အကွာရှိ မြန်မာနိုင်ငံ ပြည်တွင်း ချောက်မြို့ရဲ့ အနောက် တောင်ပိုင်း မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ရန်ကုန် ကမ္ဘာအေး မြေငလျင် တိုင်းထွာရေးဌာနက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ငလျင်ဗဟိုဟာ ဆင်ဖြူကျွန်းမြို့နဲ့ အနီးဆုံးဖြစ်ပြီး မြန်မာ့အမွေအနှစ် ရှေးဟောင်းစေတီပုထိုးတွေ ရှိရာ ပုဂံမှာလည်း မြေငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပုဂံညောင်ဦးကြား ၀က်ကြီးအင်းကျေးရွာအနီး သကြားဟစ် ဘုရားအတွင်းက နံရံဆေးရေးပန်းချီတွေ ပဲ့ကျသွားမှု ရှိတယ်လို့ မျက်မြင်တွေ့သူ ဒေသခံတဦးက ပြောပါတယ်။
ချောက်မြို့ခံတဦးကတော့ လူယိုင် သွားတဲ့အတွက် ငလျင်လှုပ်ခတ်တာကို သိလိုက်ပေမယ့် တခြား ကြီးကြီးမားမား ပျက်စီးတာတော့ မကြားသေးဘူးလို့ ပြောပါတယ်။
ချောက်မြို့ခံတဦးကတော့ လူယိုင်သွားတဲ့အတွက် ငလျင်လှုပ်ခတ်တာကို သိလိုက်ပေမယ့် တခြား ကြီးကြီးမားမား ပျက်စီးတာတော့ မကြားသေးဘူးလို့ ပြောပါတယ်။










