DVB Logo
Home
မြန်မာသတင်း
သြစတြေးလျနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်လာ
DVB
·
November 17, 2014
သြစတြေးလျနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်လာ
Donate to DVB

သြစတြေးလျ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့် ရှိနေပြီး ၃၈ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

[caption id="attachment_71213" align="alignright" width="417"]မြန်မာသမ္မတ ဦးသိန်းစိန် ညစာစားပွဲ တက်ရောက်စဉ်  (ဓာတ်ပုံ - MOI) မြန်မာသမ္မတ ဦးသိန်းစိန် ညစာစားပွဲ တက်ရောက်စဉ် (ဓာတ်ပုံ - MOI)[/caption]

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတက  ဘရစ္စဘိန်းမြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်း ညစာစားပွဲ မိန့်ခွန်းမှာ ခုလို ထည့်သွင်းပြောကြားသွားတာပါ။

သြစတြေးလျနိုင်ငံရဲ့  မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာလည်း   အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းကျော် ရှိနေပြီး နိုင်ငံအလိုက် အဆင့် ၂၀ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အချက်အချာကျတဲ့ တည်နေရာ၊ ကောင်းမွန်တဲ့ ဈေးကွက်အနေအထားနဲ့ စွမ်းအားမြင့် လုပ်သားအင်အားတွေသာမက အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကြောင့် အာရှတိုက်မှာ နောက်ဆုံး ထွက်ပေါ်လာတဲ့ စီးပွားရေးနယ်မြေ တခု ဖြစ်တယ်လို့လည်း ပြောတဲ့အကြောင်းလည်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ၂၀၁၂ ဧပြီလက စတင် ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013