အိုင်အက်စ်အဖွဲ့ အမေရိကန်ဓားစာခံတဦးကို ခေါင်းဖြတ်သတ်သည့်ရုပ်သံ အင်တာနက်ပေါ်တင်

အမေရိကန် ဓားစာခံ ပီတာ ကာဆစ်ခ် (ဓာတ်ပုံ - ရိုက်တာ)
အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ပွဲဝင်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက အမေရိကန် ဓားစာခံ ပီတာ ကာဆစ်ခ်ကို ခေါင်းဖြတ်သတ်ခဲ့တယ်လို့ အခိုင်အမာပြောနေတဲ့ ရုပ်သံကို နိုဝင်ဘာလ ၁၆ ရက်နေ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ [caption id="attachment_71208" align="alignright" width="431"]အမေရိကန် ဓားစာခံ ပီတာ ကာဆစ်ခ် (ဓာတ်ပုံ - ရိုက်တာ) အမေရိကန် ဓားစာခံ ပီတာ ကာဆစ်ခ် (ဓာတ်ပုံ - ရိုက်တာ)[/caption] ခေါင်းဖြတ်နေတဲ့ပုံကို မပြပေမယ့် သွေးဖုံးခေါင်းပြတ်ကို သူ့ခြေထောက်နားမှာ ချထားပြီး မတ်တပ်ရပ်နေတဲ့ မျက်နှာဖုံးစွပ်နဲ့ လူတယောက်ကို ရုပ်သံက ပြထားပါတယ်။ အိုင်အက်စ်တွေ သုံးတဲ့ တွစ်တာလူမှုကွန်ရက်နဲ့ ဂျီဟတ် ဘာသာရေး စစ်ဝါဒီတယောက်ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ တင်ထားတဲ့ ဒီရုပ်သံရဲ့စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြု နိုင်မှုတော့ မရှိသေးပါဘူး။ အသက် ၂၆ နှစ်အရွယ် စစ်သားဟောင်း ကာဆစ်ခ်ဟာ အထူးအရေးပေါ် တုံ့ပြန်ရေးနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ကို ၂၀၁၂ မှာ တည်ထောင်ခဲ့ပြီး ဆီးရီးယား ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်နေခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။ တကယ်လို့ အတည်ပြုနိုင်ခဲ့ရင် ကာဆစ်ဟာ အိုင်အက်စ်တွေက သတ်တဲ့ ၅ ယောက်မြောက် အနောက်နိုင်ငံသား ဖြစ်လာမှာပါ။ အရင်ကတော့ အမေရိကန်သတင်းထောက် ၂ ယောက်နဲ့ ဗြိတိန် ကူညီရေးလုပ်သား ၂ ယောက် ခေါင်းဖြတ်ခံခဲ့ရပြီးပါပြီ။ ဒီရုပ်သံရဲ့ စစ်မှန်မှုကို အတည်ပြုဖို့ အမေရိကန်အစိုးရက ဆောင်ရွက်နေဆဲလို့ အမျိုးသား လုံခြုံရေးကောင်စီ (NSC) ပြောခွင့်ရ ဘာနာဒဲ့တီ မီးဟန်က နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကလည်း သွေးအေးတဲ့လူသတ်မှုကို တုန်လှုပ်ချောက်ချား ရတယ်လို့ ပြောပါတယ်။ ဒီရုပ်သံကို သူတို့ သုံးသပ်စစ်ဆေးနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up