DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ
DVB
·
November 16, 2014
သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်၊ သိန္နီမြို့က အေးရှားဝေါတိုးဂိတ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်သမားလို့ ယူဆရသူ ၄ ဦးကို ဖမ်းမိပြီး အဲ့ဒီသူတွေကို ပြည်နယ်အထူးသတင်းတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း မန္တလေးကို ခေါ်ဆောင်သွားပါတယ်။

[caption id="attachment_70435" align="alignright" width="274"]ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသူ ၄ ဦး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသူ ၄ ဦး[/caption]

သိန္နီရဲစခန်းက ဒီလူ ၄ ဦး ဖမ်းမိတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို ပြောပေမယ့် အသေးစိတ်ပြော ဆိုဖို့တော့ ငြင်းပါတယ်။ “သိန္နီမြို့က အေးရှားဝေါ ဂိတ်မှာမိတာ၊ သတင်းရလို့ ဖမ်းတာဗျ၊ လေးယောက်။”

သိန္နီမြို့နယ်အမတ် စိုင်းဝင်းခိုင်ကလည်း ဒီသတင်းမှန် ကန်ကြောင်း ပြောပါတယ်။ “အဲ့ဒီ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ပေါ့။ သူတို့က မှတ်ပုံတင်မပါတာ ၃ယောက်၊ ၁ ယောက်ကတော့ မှတ်ပုံတင်ပါတယ်။ ဘင်္ဂါလီလူမျိုးလေးယောက်ကို ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေက ဖမ်းဆီးလိုက်တယ်။ သူတို့ဟာ အကြိမ်းဖက်သမားလို့ ယူဆရတဲ့အတွက် မန္တလေးကို တခါ တည်း ခေါ်ဆောင် သွားပါတယ်။”

သိန္နီမှာ မူးယစ်ဆေးနဲ့ တရားမ၀င်သစ်ခိုးထုတ်တာမျိုး မကြာခဏ ဖမ်းမိလေ့ရှိပေမယ့် အခုလိုမျိုး အကြမ်းဖက်သမားလို့ ယူရသူတွေ ဖမ်းမိတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ သူတို့ ၄ ဦးဟာ လားရှိုးကနေ မူဆယ်သွားတဲ့ ခရီးသည်တင်ကားနဲ့ လိုက်ပါလာကြသူတွေ ဖြစ်တယ်လို့ ဆိုတယ်။

ပြည်တွင်းမှာ အာဆီယံထိပ်သီးစည်းဝေးပွဲမတိုင်မီက အာအက်စ်အို ဖောက်ခွဲရေးသမား ၄ ဦး ၀င်ရောက်လာတာ သတင်းရတယ်ဆိုပြီး သက်ဆိုင်ရာက ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ (အာအက်စ်အို) အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။ အာအက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။

အခု သိန္နီမှာ ဖမ်းမိသူ ၄ ဦးဟာ အဲ့ဒီသူတွေ ဟုတ် မဟုတ် မသိရသေးဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရှိသူ ဦးဝင်းခေါင်ကိုလည်း ဆက်သွယ်မေးမြန်းအတည်ပြုလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013