DVB Logo
Home
မြန်မာသတင်း
သစ်ပင်ဒါယကာကြီး ဦးငွေ ရာပြည့်အမှတ်တရ စုပေါင်းသစ်ပင်စိုက်
DVB
·
November 16, 2014
သစ်ပင်ဒါယကာကြီး ဦးငွေ ရာပြည့်အမှတ်တရ စုပေါင်းသစ်ပင်စိုက်
1 / 7
Donate to DVB

မန္တလေးမြို့ရဲ့ သစ်ပင်ဒါယကာကြီး ဦးငွေရဲ့ ရာပြည့်အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဇာတိမာန်လူငယ်စာဖတ်အသင်းက ဦဆောင်ပြီး မန္တလေးမြို့ရဲ့ သစ်ပင်ဒါယကာကြီး ဦးငွေရဲ့ ရာပြည့်အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း ၅၅ လမ်းကြား ရွာလယ်လမ်းမှာရှိတဲ့ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မန္တလေးမြို့က ပရဟိတလူမှုအဖွဲ့စည်းပေါင်း ၁၅ ခုကလည်း လာရောက်ပူးပေါင်း သစ်ပင်စိုက်ပျိုးခဲ့တာပါ။

သစ်ပင်စိုက်ပျိုးကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ ၂၆ လမ်းနဲ့ သင်္ဂဇာချောင်း ဆုံရာကနေ ကာဗွန်လျှော့ချရေးအစီစဉ်အဖြစ် စက်တပ်ယာဉ်တွေကို အသုံးမပြုဘဲ စက်ဘီး ဆိုက်ကားတွေနဲ့ သွားရောက်စိုက်ပျိုးခဲ့ကြတာပါ။

ဒီသစ်ပင်စိုက်ပျိုးပွဲမှာ သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ လူထု ၂၀၀ ကျော် ပါဝင်ခဲ့ပြီး စိန်ပန်းပင်၊ ခရေပင်၊ ဗန်ဒါပင် နဲ့ တမာပင် စတဲ့ အရိပ်ရသစ်ပင် ၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါတယ်။

ဒီပွဲမှာ ဦးငွေရဲ့ မိသားစုကလည်း ရာပြည့်အမှတ်တရအဖြစ် ထီလက်မှတ်တွေကိုလည်း လိုက်လံဝေငှခဲ့ပါသေးတယ်။

ဆိုက်ကားဆရာကြီး ဦးငွေဟာ သူ့အသက် ၃၈ နှစ်က စတင်ပြီး အသက် ၇၄ နှစ် သေဆုံးသည်အထိ ကိုယ်ပိုင်ငွေကြေးနဲ့ ၃၅ လမ်းတလျှောက်၊ ဂေါဝိန်ဆိပ်ကမ်းဝန်းကျင်၊ မြတောင်ကျောင်းတိုက်တ၀ိုက်၊ ဘုရားကြီး ရွှေကျီးမြင်ဘုရား၊ ကုသိုလ်တော်ဝန်းကျင်၊ သုဓမ္မာဇရပ်နဲ့ ကျုံးတောင်ဘက်တွေမှာ သစ်ပင်တွေကို လိုက်လံစိုက်ပျိုးခဲ့သူပါ။

ဦးငွေဟာ သူစိုက်ပျိုးထားတဲ့ သစ်ပင်တွေကို  မနက်တိုင်း ၄ နာရီခွဲက စပြီး ဆိုက်ကားတစီးနဲ့ ရေလောင်းတာ၊ သစ်ပင်ခြံခတ်တာတွေ လုပ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က မြို့ပတ်ရထား စီမံကိန်းနဲ့မလွတ်တဲ့ အတွက်ကြောင့် သူစိုက်ထားတဲ့ အပင်တွေ အခုတ်ခံခဲ့ရပါသေးတယ်။

ဒီနေ့အအချိန်မှာတော့ ၃၅ လမ်း၊ ၈၄ လမ်းနဲ့ ၈၆ လမ်းတလျှောက်မှာ ဦးငွေစိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေ ကျန်ရှိနေပါတယ်။  မန္တလေးမြို့ရဲ့ သစ်ပင်ဒါယကာကြီး ဦးငွေကို ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၈၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

[gallery ids="71067,71068,71069,71070,71071,71072"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013