DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများနှင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ ပျက်ပြယ်
DVB
·
November 16, 2014
သပိတ်မှောက်ကျောင်းသားများနှင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ ပျက်ပြယ်
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ပညာရေးတာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းမှုဟာ တိကျခိုင်မာတဲ့ အဖြေတစ်ခုမပေးနိုင်တဲ့အတွက် ဆွေးနွေးပွဲပျက်ပြယ်သွားပြီး ဆက်လက်သပိတ်မှောက်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

[caption id="attachment_71026" align="aligncenter" width="423"]ဆွေးနွေးပွဲ မြင်ကွင်း ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ - ကောင်းထက်ကျော်)[/caption]

ရန်ကုန် တက္ကသိုလ် ပါချုပ်၊ စီးပွားရေး တက္ကသိုလ်ပါချုပ် အရှေ့ပိုင်း တက္ကသိုလ် ပါချုပ်တွေ ပါဝင်တဲ့ အဆင်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျောင်းသားတွေနဲ့ ကြေးသွန်းဘုရားမှာ ဒီနေ့ လာရောက်ဆွေးနွေးခဲ့တာပါ။

လာရောက်ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂများ လွပ်လပ်စွာဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေး ဥပဒေမှာ ထည့်သွင်းရေးဆွဲထားခြင်းမရှိပေမယ့် အဆင်မြင့်ပညာရေး နည်းဥပဒေမှာ ထည့်သွင်းပေးမယ်လို့ လာရောက်ညှိနှိုင်းတဲ့ တာဝန်ရှိသူတွေက ဆိုပေမယ့် ကျောင်းသားတွေဘက်က လက်ရှိရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမှာ မပါဝင်တဲ့အတွက် လက်မခံကြောင်း သိရပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ နေ့လယ် ၁၂ နာရီမှာ ရွှေတိဂုံစေတီတော်ကို ဆက်လက်ချီတက်သွားကြပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် အခုလို သပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် သပိမှောက် တောင်းဆိုနေကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013